အခန်း[၂၂]စွမ်းအင်မဲ့

28 2 0
                                    

Zawgyi:

"နတ်လိပ်ပြာရှင်၏နှလုံးသားငယ်"
အပိုင်း//၀-၈//{စွမ်းအင်မဲ့}
❇လောကနှစ်ခု၏ကပ်ဆိုးဖြစ်ရပ်*၁၀*

〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

အမှောင်လောကတွင်းက မျိုးနွယ်စုငယ်တွေထဲ ယော့ဝူးမျိုးနွယ်စု သို့တည်းမဟုတ် ဟိုဂျူးတောအုပ်ထဲရှိထူးခြားသောပန်းပင်တွေနဲ့ ဆေးရည်ဖော်စပ်တတ်သည့်မျိုးနွယ်စုတစ်ခုရှိသည်။ အင်အားကြီးမျိုးနွယ်စုတွေဟာ စွမ်းအားတွေကိုသာအဓိကအသုံးပြုတတ်ကြသည့်အတွက် ဆေးရည်ဆိုသည်မှာ သူတို့အတွက်မလိုအပ်လှပေ။ သို့ပေမဲ့ အင်အားငယ်မျိုးနွယ်စုတွေကတော့ ကုသရေးဆေးရည်တွေကို အားထားတတ်ကြပေသည်။ ယော့ဝူးမျိုးနွယ်စုဟာ တိုက်ခိုက်နိုင်စွမ်းလုံးဝမရှိပဲ စွမ်းရည်တွေအားအသုံးပြုကာ ဆေးရည်ဖော်စပ်တတ်သည့်အတွက် မျိုးနွယ်စုငယ်တွေကြားမှာတော့ အရေးပါလေသည်။ ဒါ့အပြင် ယော့ဝူးမျိုးနွယ်ရဲ့ထူးခြားချက်ဟာ အလင်းလောက(လူသားတိုင်းပြည်)ကို သွားချည်လာချည်လုပ်နိုင်သည့်မျိုးနွယ်စုဖြစ်တာပင်။

အမှောင်လောက တစ်နည်း ဟိုဂျုးတောအုပ်ဟာ မျိုးနွယ်စုတွေရဲ့လိုအပ်ချက်အစုံကို ဖြည့်စည်းပေးသည်ဟုပင်ထင်ရပေသည်။ အဆင့်မြင့်ဂျင်စင်း၊ အဆင့်မြင့်လင်ဇီး၊ အဆင့်မြင့်၇ရောင်ချယ်ဂမုန်း စသည့်စသည့် တန်ဖိုးကြီးဆေးပင်တွေဟာ ဟိုဂျူးတောအုပ်ရှိဆေးပန်းပင်နယ်မြေတွင် အတော်လေးအတွေ့များပေသည်။ ထို့ကြောင့် ယော့ဝူးမျိုးနွယ်စုဟာ လူသားမျိုးနွယ်ဆီကူးသန်းသွားလာရင်း ဆေးပင်တွေရောင်းချတတ်သည်။ ယော့ဝူးမျိုးနွယ်စုထဲမှာ စွမ်းရည်အသုံးပြုကာ ဆေးပင်တွေကိုချေဖျက်ပြီး ဆေးရည်ဖော်စပ်နိုင်သည်က မျိုးနွယ်စုအတွက် အတော်လေးအရေးပါပေသည်။

ကံကြမ္မာဟာ တမင်ပြုလုပ်လေသလားမသိပေမဲ့ အမှောင်လောကထဲကမျိုးနွယ်စုတွေထဲ ယော့ဝူးမျိုးနွယ်စုထဲမှာ စွမ်းရည်မသုံးနိုင်သည့်ကလေးငယ်တစ်ယောက်ပေါ်ထွက်လာခဲ့သည်။ ဒါဟာ ယော့ဝူးမျိုးနွယ်စုအတွက် လက်မခံနိုင်စရာပင်။

သွေးနီဖြာသောလျို့ဝှက်ဒဏ္ဍာရီ『𝔻𝔸ℝ𝕂 𝕎𝕆ℝ𝕃𝔻 : 𝔻𝔸ℝ𝕂 𝔽𝕀𝔼ℕ𝔻』Where stories live. Discover now