အခန်း[၂၀] အဲသော်ရက်၏အတိတ်*၁*

28 1 0
                                    

Zawgyi:

"နတ်လိပ်ပြာရှင်၏နှလုံးသားယ်"
ပိုင်း//၀-၀-၁//{အဲသော်ရက်၏အတိတ်}
❇လောကနှစ်ခု၏ကပ်ဆိုးဖြစ်ရပ်*၈*

〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

သေကျေပျက်စီးနေသောလူသားများစွာဟာ နေရာလပ်မရွေးရှိနေကြသည်။ သွေးသားတွေစုပ်ယူခံထားရငြ်းကြောင့် အရေပြားတွေဟာ ရှုံ့တွနေလေသည်တညြ်းညြ်းပုပ်သိုးလာည်နှင့်မျှင်ကောင်တွေဟာ 'တဝီဝီ' ကျီးကန်းတွေက 'တအာအာ'နှင့်မြည်သံပေးရင်း ထိုးဆိတ်စားသောက်နေကြတော့သည်။

"အရှင်"

အနက်ရောင်မျှော်စင်ကြီး၏အတွင်းပိုင်းတစ်နေရာတွင် အနုစိတ်လှပလှသောကနုတ်ပန်းတွေနဲ့ ပုံဖော်ထားသည့်ပလ္လင်ထက်တွင် အမျိုးသားတစ်ဦး ထိုင်နေလေသည်။

ထိုအမျိုးသားဟာ နီရဲရဲဝတ်ရုံရှည်ကို ဆင်မြန်းထားပြီး ထိုဝတ်ရုံထက်တွင် ကောင်းကင်ထက်သို့လူးလွန့်ပျံသန်းနေပုံပေါ်သည့် အနက်ရောင်နဂါးတစ်ကောင်ပုံ ရေးဆွဲထားလေသည်။ ထိုအမျိုးသားဟာ နတ်ဆိုးအရှင် အဲသော်ရက်ပင်

"လူသားတွေရဲ့ဆုတောင်းစကားသံ တစ်နေ့ထက်တစ်နေ့စိပ်လာတော့ မကြာခင် ကောင်းကင်ဘုံနဲ့ စစ်ပွဲဆင်နွှဲရလိမ့်မယ်"

ရိုယန်ရဲ့စကားသံအဆုံး နတ်ဆိုးအရှင်ဟာ ပျင်းရိဖွယ်ပလ္လင်လက်ရန်းပေါ်လက်ထောက်မေးတင်လိုက်ကာဆိုလာသည်။ သူ လူသားလောကကို ဒုက္ခပေးနေရတဲ့အဓိကရည်ရွယ်ချက်က သက်သက်ပဲမဟုတ်လား?

"အင်း ဒါကိုပဲဖြစ်စေချင်တာပဲလေ မြန်မြန်စတော့လည်း ကောင်းပါတယ် လူသားလောကက ပျင်းစရာကောင်းနေပြီ"

နှလုံးသားထဲ ဆိုးညစ်မှုတွေများလာတာနဲ့အမျှ သူဟာ ပိုပြီးစွမ်းအားကြီးလာခဲ့ပြီး သူ့နောက်လိုက်တွေဟာလည်း ပိုကြီးခွန်အားကြီးမားလာခဲ့သည်။ သူဟာ လူကောင်းတစ်ယောက်အဖြစ်ကောင်းကင်ဘုံတွင်ရှိနေချင်သော်လည်း ကံကြမ္မာ မဟုတ်ဘူး သူ့ဖန်ဆင်းရှင်က မျက်နှာသာမပေးခဲ့ပေ။

သွေးနီဖြာသောလျို့ဝှက်ဒဏ္ဍာရီ『𝔻𝔸ℝ𝕂 𝕎𝕆ℝ𝕃𝔻 : 𝔻𝔸ℝ𝕂 𝔽𝕀𝔼ℕ𝔻』Where stories live. Discover now