အခန်း[၄၂]စွမ်းအင်ပျက်သုန်းခြင်းမန္တာန်

35 3 0
                                    

Unicode:

ဂျင်း နှင့် ဂျွန်းတို့၏ ...
အပိုင်း//၂-၁၄//{စွမ်းအင်ပျက်သုန်းခြင်းမန္တာန်}
ပျောက်ဆုံးသွားသောကလေးငယ်၏ကံကြမ္မာ*၁၄*

〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

စွမ်းအင်ပျက်သုန်းခြင်းမန္တာန်

စွမ်းအင်ပျက်သုန်းခြင်းမန္တာန်ကို ပထမဆုံး မှော်မိစ္ဆာမျိုးနွယ်စုရဲ့ အမြင့်ဆုံးစွမ်းအားကို အသုံးပြုကာအသက်သွင်းရပေမည်။

ထို့‌နောက် နှစ်ပေါင်းသိန်းသောင်းချီအတွင်းမှာ တစ်ချိန််သာဖြစ်ပေါ်နိုင်ခြေရှိတဲ့ အမှောင်လောက(ဟိုဂျူး)အတွင်း စွမ်းအားအမြင့်ဆုံးအချိန်တွင် သန့်စင်မွေးဖွားလာသူရဲ့ သွေးနှင့်မျက်ရည်၊ ရှီဆောတောအုပ်အတွင်းရှိ နှင်းသွေးသစ်သီး၏ အဆီအနှစ်တွေနဲ့ ရောနှောပြီး ရလာသည့် အရည်နဲ့ မန္တာန်အား ရေးဆွဲရပေမည်။

ရှီဆောတောအုပ်အတွင်း များစွာသော သစ် ပင်ပန်းပင်တွေသာမက အဆိပ်ရှိအကောင်ပေါင်းများစွာရှိလေသည်။ ထိုထဲတွင် နှင်းသွေးသစ်သီးကတော့ မျိုးနွယ်စုတွေအတွက် မစိမ်းတဲ့အရာဟုဆိုရပေမည်။

ရှီဆောတောအုပ်အစပ်တွင်ပေါက်ရောက်ပြီး ရှီဆောတောအုပ်နှင့် သက်ဆိုင်သည်ဟုလည်းဆိုနိုင်သလို မသက်ဆိုင်ဘူးဟုလည်း မှတ်ယူနိုင်ပေသည်။

နှင်းသွေးသစ်သီးဟာ ဖြူစွတ်နေသောနှင်းခဲသဏ္ဍာန်ရှိကာ ၎င်း၏အတွင်းသားတို့က မဲနက်နေပေသည်။ သို့ပေမဲ့ နှင်းသွေးသစ်သီးဟူသောအမည်နာမနှင့်လိုက်ဖက်စွာ ထိုအနက်ရောင်အတွင်းသားတို့အား ဖျစ်ညှစ်လိုက်ပါလျှင် ထိုအနက်ရောင်တို့က အနီရောင်အဖြစ်ပြောင်းသွားကာ နီရဲရဲသွေးတို့က တတောက်တောက်နဲ့ ကျလာသည်ကို တွေ့နိုင်ပေလိမ့်မည်။

ယော့ဝူးမျိုးနွယ်စု(အပိုင်း၂၂)တွေဟာ ထိုသစ်သီးအား ခူးဆွတ်၍ ပါးနီနှင့် နှုတ်ခမ်းနီအဖြစ်ပြုလုပ်ကာ အလင်းလောကတွင် ပြန် လည်ရောင်းချကြပေသည်။ ထူးဆန်းကာအန္တရာယ်များတဲ့ရှီဆောတောအုပ်မှ ထိုသစ် သီးတွေကို ယော့ဝူးမျိုးနွယ်စုအကုန် ခူးဆွတ်ကြတာမဟုတ်ပေ။

သွေးနီဖြာသောလျို့ဝှက်ဒဏ္ဍာရီ『𝔻𝔸ℝ𝕂 𝕎𝕆ℝ𝕃𝔻 : 𝔻𝔸ℝ𝕂 𝔽𝕀𝔼ℕ𝔻』Where stories live. Discover now