အခန်း[၂၄] အယ်ရင်း၏နမိတ်

30 2 0
                                    

Zawgyi:

"နတ်လိပ်ပြာရှင်၏နှလုံးသားငယ်"
အပိုင်း//ဝ-၁၂//{အယ်ရင်း၏နမိတ်}
❇လောကနှစ်ခု၏ကပ်ဆိုးဖြစ်ရပ်*၁၂*

〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

အဲသော်ရက်အတွက်က အမှောင်လောကရဲ့ဘယ်နေရာကိုမဆို အလွယ်တကူသွားလာနိုင်သည်က ယခုအချိန်မှာ အားသာချက်တစ်ခုပင်။

*ဟန်မျိုးနွယ်မည်သည် ထာဝရ အရှင်၏အပိုင်ဖြစ်၏ ၊ သွေးသားတို့နှင့် ရင်းမြှုပ်သစ္စာတည်အံ့*

ဟန်ဂယောင်း သူမ၏စိတ်အာရုံထဲပျံလွင့်လာတဲ့ ထိုစကားလုံးတွေကြောင့် ချက်ချင်းထရပ်လိုက်ပြီး ဘေးဝဲယာက်ု အဆက်မပြတ်အကဲခတ်နေတော့သည်။

ထိုစကားလုံးတွေကို သူမသိသည်။ သူမတို့၏မျိုးနွယ်စုအစဉ်အဆက်လက်ဆင့်ကမ်းလာတဲ့ဆောင်ပုဒ်လို့ပြောရမလား? ကျိန်စာတစ်ခုပင်လား?

"ကြည့်ရတာ မှော်မိစ္ဆာဟန်က သူ့အပြစ်ကို သူသိသေးထင်တယ် နှစ်ပေါင်းများစွာကြာခဲ့ပေမဲ့ သူ့မျိုးဆက်က ဒီဆောင်ပုဒ်ကို သိနေသေးတယ်ဆိုတော့!"

ဟန်ဂယောင်န်း တိုက်ခိုက်ဖို့အတွက် သူမရဲ့စွမ်းအင်ကို ထုတ်ထားခဲ့ပြီး သူမနောက်ရောက်လာတဲ့လူကို လှည့်ပစ်ခတ်လိုက်သည်။ သို့ပေမဲ့ မထင်မှတ်ထားမိသည်က ထိုစွမ်းအင်ကို တစ်ဖက်လူက အလွယ်တကူချေဖျက်ပစ်လိုက်မယ်လို့။

"ရှင် ဘယ်သူလဲ?"

"ငါ? နတ်ဆိုးအရှင် အဲသော်ရက်!"

ဟန်ဂယောင်န်း တုန်လှုပ်ချောက်ချားစွာနဲ့ လဲကျသွားခဲ့သည်။ အဲသော်ရက်ဟာ ကျေနပ်စွာပြုံးလိုက်ပြီး ထိုင်ခုံမှာဝင်ထိုင်လိုက်သည်။ ဟန်ဂယောင်န်း မရရအောင်ထရပ်လိုက်ပြီးနောက်

"နတ်ဆိုးအရှင် ဘာများအလိုရှိလို့ပါလဲ?"

"မှော်မိစ္ဆာဟန်ရဲ့မှော်အစီအရင်ကျောက်နဲ့ အင်း... ကောင်းကင်ဘုံကစွမ်းအင်ကျောက်တို့ပေါင်းစပ်သွားပြီး ကြီးမားသာလွန်တဲ့စွမ်းအင်ပညာရပ်တစ်ခု ထွက်ပေါ်လာလိမ့်မယ် ကောင်းကင်ဘုံကစွမ်းအင်နဲ့ ကောင်းကင်နဲ့လောကကြီးကိုတိုက်ခိုက်နိုင်မှာဆိုတော့ ဘယ်လောက်စိတ်ဝင်စားဖို့ ကောင်းလိုက်လဲ?!"

သွေးနီဖြာသောလျို့ဝှက်ဒဏ္ဍာရီ『𝔻𝔸ℝ𝕂 𝕎𝕆ℝ𝕃𝔻 : 𝔻𝔸ℝ𝕂 𝔽𝕀𝔼ℕ𝔻』Where stories live. Discover now