အခန်းဆက်(ဝ) / အခန်း[၁၃]စွမ်းအင်ကျောက်မှမွေးဖွားလာသာမြေခွေးငယ်

31 3 4
                                    

Unicode:

ဤကစ၍လာမဲ့အပိုင်းတွေသည် နောက်ကြောင်းပြန်အပိုင်းတွေသာဖြစ်တာကြောင့် ရှေ့အပိုင်းနှင့်ဆက်စပ်မှုမရှိသေးသည်အား သည်းခံပေးပြီး စောင့်မျှော်ဖတ်ရှုပေးကြပါ။

အခန်းဆက်(ဝ)
/နတ်လိပ်ပြာရှင်ရဲ့နှလုံးသားငယ်/
ဤတွင်စတင်

>>>

လွန်ခဲ့တဲ့နှစ်၈ထောင်ခန့်အချိန်အခါ...

***

"နတ်လိပ်ပြာရှင်ရဲ့နှလုံးသားငယ်"
အပိုင်း//ဝ-၁//{စွမ်းအင်ကျောက်မှမွေးဖွားလာသာမြေခွေးငယ်}
လောကနှစ်ခုကပ်ဆိုးဖြစ်ရပ်*၁*

〰〰〰〰〰〰〰〰〰〰〰〰〰〰

ကောင်းကင်ဘုံရဲ့ စည်းကမ်းချက်တွေဟာ လောကကြီးအတွက် တရားမျှတမှုရှိချင်မှလဲရှိမှာပေါ့၊၊ ထိုနည်းတူစွာပဲ ကောင်းကင်ဘုံဟာ ကောင်းကင်ဘုံ၏ပြည်သူ၊ နတ်ဘုရားတွေအတွက်လည်း တရားမျှတမှုဆိုတာမရှိပေ၊၊

လောကကြီးရဲ့ဖြစ်တည်မှုဟာ ဆိုးယုတ်မှုတွေ၊ မတရားမှုတွေ၊ အနိုင်ကျင့်မှုတွေနဲ့ အစဉ်အမြဲတည်တံ့နေသည်မဟုတ်လား၊၊

နတ်ဘုရားမအယ်ရင်းဟာ လောကကြီးရဲ့ရှေ့ဖြစ်လာမဲ့အကြောင်းတရားတွေကို မြင်နိုင်သောနတ်ဘုရားမဖြစ်သည်၊၊

သူမရဲ့ရှေးဖြစ်ဟောတွေဟာ ကောင်းခြင်းတရားတွေထက် ဆိုးခြင်းတရားဘက်ကို ပိုလို့ဦးတည်နေခဲ့သည်၊၊ သူမဟာ ကောင်းကင်ဘုံမှာ နေရာမရတဲ့နတ်ဘုရားတစ်ပါးလဲဖြစ်သည်၊၊

သူမဟာ လူသားတွေကို အတော်လေးချစ်မြတ်နိုးတဲ့နတ်ဘုရားတစ်ပါးဖြစ်သည်၊၊ သူမဟာ အမြဲတမ်းလူသားရဲ့ကံကြမ္မာတွေဖတ်တတ်ပြီး အန္တရာယ်တွေ၊ ဘေးဒုက္ခတွေ၊ ကပ်ဆိုးတွေ မြင်ရတဲ့အခါ သူမဟာမနေနိုင်ပဲ လူသားတွေကို အသိပေး၊ ကယ်တင်ဖို့ကြိုးစားတတ်သည်၊၊

ဒါ့ကြောင့် လူသားတွေဟာ အခြားနတ်ဘုရားတွေထက် သူမကို ပိုပြီး ကိုးကွယ်ယုံကြည်လာကြသည်၊၊

သွေးနီဖြာသောလျို့ဝှက်ဒဏ္ဍာရီ『𝔻𝔸ℝ𝕂 𝕎𝕆ℝ𝕃𝔻 : 𝔻𝔸ℝ𝕂 𝔽𝕀𝔼ℕ𝔻』Unde poveștirile trăiesc. Descoperă acum