အခန်း[၂၇] အယ်ရင်းနှင့်ကောင်းကင်ဘုံ၏အလိုဆန္ဒ

46 1 0
                                    

Zawgyi:

"နတ်လိပ်ပြာရှင်၏နှလုံးသားယ်"
ပိုင်း//၀-၁၃//{အယ်ရင်းနှင့်ကောင်းကင်ဘုံ၏အလိုဆန္ဒ}
❇လောကနှစ်ခု၏ကပ်ဆိုးဖြစ်ရပ်*၁၅*

〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

တိုက်ပွဲအခြေအနေဟာ တစ်မျိုးတစ်ဖုံပြောင်းလဲသွားရပြီး သားရဲတွေဘက် အရေးသာလာတော့သည်။ နတ်ဘုရားမဂိုနဲ့ ခီရာ၊ ဟန်ဂျူး၊ ရွမ်နဲ့ ဆိုးရာရှင်းတို့တွေ ပူးပေါင်းတိုက်ခိုက်ကြပြီး ရိုယန်နဲ့ရီယန်တို့ဟာလည်း နှစ်ယောက်ပူးပေါင်းလိုက်တော့မှ ပိုမိုအားကောင်းလာပြီး အပေးအယူမျှတဲ့တိုက်ကွင်းတိုက်ကွက်တွေနဲ့ ညီမျှတဲ့တွဲဖက်ညီအကိုကောင်းတွေဖြစ်လေသည်။

ရွမ်ဟာ ဟန်ဂျူးနဲ့ပူးပေါင်းကာတိုက်ခိုက်သည်ဆိုပေမဲ့ ဟန်ဂျူးအား ကာကွယ်နေသည်ကား ပိုမှန်ပေမည်။ ဟန်ဂျူးတို့ ရီယန်အား သီးသန့်ခွဲထုတ်လိုက်ချင်ပေမဲ့ ရီယန်နဲ့ရိုယန်ရဲ့ပူးပေါင်းတိုက်ကွက်အား မဖြိုခွင်းနိုင်ကြပေ။ အနက်ရောင်စွမ်းအင်ဟာ ရီယန်ရဲ့နှလုံးနေရာကို ဦးတည်တိုက်ခိုက်ပြီး ရီယန်အား စိတ်အာရုံလှည့်ဖြားကာ အမှောက်ဖုံးစေပြီး ကာကွယ်မှုလျော့နည်းသွားအောင် ကြံဆောင်သည်။ နတ်ဘုရားမဂိုနဲ့ခီရာဟာလည်း ပူးပေါင်းတိုက်ခိုက်နေရတော့သည်။

သို့ပေမဲ့ တစ်ဖက်လူက နတ်ဆိုးတွေဖြစ်နေခဲ့သည်။

ဟီချန်းဟာ မျိုးနွယ်စုခေါင်းဆောင်တွေ ပူးပေါင်းတိုက်ခိုက်ခြင်းကို ခံနေရသည်။ ရှန်းယန်ဖေးရဲ့ဖမ်းဆုပ်မနိုင်သည့်ရေကိုယ်ထည်ဟာ ဟီချန်းရဲ့ တိုက်ခိုက်မှုတွေကို ရှောင်ထွက်နိုင်ပြီး ရေခဲခန္ဓာကိုယ်ဟာလည်း သံမဏိလို့မာကျောခိုင်ခံ့ကာ တစ်ချက်ထိလိုက်ရုံနဲ့ ကိုယ်တွင်းသွေးယိုစေနိုင်သည်။ ဟန်ဂယောင်န်းရဲ့အနက်ရောင်စွမ်းအင်ဟာ ဟီချန်းရဲ့ အမြင်အာရုံအား တိုက်ခိုက်လာသည်။

ဟီချန်းဟာ အနက်ရောင်စွမ်းအင်တွေ ကာကွယ်ရန် သူ့ရဲ့စိမ်းပြာရောင်ကျောက်ကနေ အကာအရံအား ဖွင့်လိုက်ပေမဲ့ တိုက်ခိုက်မှုတွေ ပြင်းထန်လာတဲ့အမျှ အကာအရံဟာ ကြာရှည်မခံတော့ပေ။ အကာအရံပေါက်သွားတဲ့နေရာကနေ နမ်ဟော့ဟာ သူရဲ့အရိုးဓားရှည်နဲ့ ပြင်းထန်သောမီးစွမ်းအင်အား ထုတ်ဖော်ပြီး ဟီချန်းရဲ့ကိုယ်ခန္ဓာတွင် မီးလောင်ဒဏ်ရာရရှိစေခဲ့သည်။ ဟီချန်းရဲ့ကိုယ်အတွင်းအရိုးတွေဟာ အရိုးမီးဓားကြောင့် ထိခိုက်ဒဏ်ရာရကာ အသည်းခိုက်မတတ်နာကျင်ရတော့သည်။

သွေးနီဖြာသောလျို့ဝှက်ဒဏ္ဍာရီ『𝔻𝔸ℝ𝕂 𝕎𝕆ℝ𝕃𝔻 : 𝔻𝔸ℝ𝕂 𝔽𝕀𝔼ℕ𝔻』Where stories live. Discover now