အခန်း[၂၁] အဲသော်ရက်၏အတိတ်*၂*

24 1 0
                                    

Zawgyi:

"နတ်လိပ်ပြာရှင်၏နှလုံးသားငယ်"
အပိုင်း//၀-၀-၂//{အဲသော်ရက်၏အတိတ်}
❇လောကနှစ်ခု၏ကပ်ဆိုးဖြစ်ရပ်*၉*

〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

အရာအားလုံးဟာ မျှော်မှန်းထားသည့်အတိုင်း သိပ်မကြာင်မှာပဲကာင်းကင်ဘုံဟာစ်ကြေငြာခဲ့ည်

စစ်ပွဲစတင်ချိန်မှာတော့ လူသားတွေဟာ နတ်ဆိုးတွေအတွက် အားဖြည့်ဓာတ်စာဖြစ်လာတော့သည်။ ထိုအချင်းအရာကို နတ်မင်းတွေက တားဆီးကာကွယ်သော်လည်း လူသားတွေအတွက်က စစ်ဘေး၊ ရောဂါကပ်ဘေး၊ သဘာဝဘေးအန္တရာယ်တွေထက် နတ်ဘုရားတွေနဲ့မိစ္ဆာတို့ရဲ့တိုက်ပွဲက ပိုပြီးစိုးရိမ်ဖွယ်ကောင်းလှသည်။

ကောင်းကင်ဘုံက အမြန်ပြီးပြတ်မယ်လို့ထင်မှတ်ထားခဲ့တဲ့ တိုက်ပွဲဟာ ကြာမြင့်လာခဲ့ပြီး နတ်ဘုရားနှင့်မိစ္ဆာတို့ရဲ့စွမ်းအင်တွေကြောင့် လူသားလောကဟာ ပို၍ယိုယွင်းလာခဲ့လေသည်။ ကောင်းကင်ဘုံရဲ့ရန်သူ၊ နတ်ဆိုးအရှင် အဲသော်ရက်ကိုသာ အဓိထားနေသည့်အတွက် လူသားလောကကို လျစ်လျူရှုလိုက်သလို ဖြစ်သွားရတော့သည်။

လောကသုံးခု၏ဟန်ချက် ယိုင်နဲ့လာချိန်မှာတော့ ကောင်းကင်ဘုံမင်းကြီးဟာ နတ်ဆိုးအရှင်၏ပိုင်နက်ဖြစ်သည့် ဟိုဂျူးတောအုပ်အား လူ့လောကအတွင်းကနေဖယ်ထုတ်လိုက်ကာ ထိုနေရာကို စစ်သလင်းဖြစ်လာစေတော့သည်

သီးခြားခွဲထုတ်ခြင်းခံလိုက်ရသည့် လောက၏အချိန်သတ်မှတ်ချက်သည် လူသားလောကနှင့် ယှဉ်လိုက်သည့်အခါ အဆပေါင်း၁၀၀လောက် ခြားနားလှပြီး ကောင်းကင်ဘုံနှင့်နတ်ဆိုးတွေ၏တိုက်ပွဲဟာ တစ်နှစ်နီးပါးကြာမြင့်ခဲ့လေပြီ။

-----------------:

"အဲသော်ရက်!"

ဒေါသတကြီးအော်ဟစ်သံကြောင့် ကျေနပ်အားရစွာရှိနေသည့် အဲသော်ရက်ဟာ အသံလာရာဆီကို လှည့်ကြည့်လာသည်။ သွေးချင်းနီနေသကဲ့သို့အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အဲသော်ရက်ဟာ နတ်ဆိုးအရှိန်အဝါတွေနဲ့ ခမ်းနားထည်ဝါစွာရပ်နေလေသည်။

သွေးနီဖြာသောလျို့ဝှက်ဒဏ္ဍာရီ『𝔻𝔸ℝ𝕂 𝕎𝕆ℝ𝕃𝔻 : 𝔻𝔸ℝ𝕂 𝔽𝕀𝔼ℕ𝔻』Where stories live. Discover now