အခန်း[၄၀]ချစ်ခြင်းတရား၏လေးနက်မှုများ

56 3 1
                                    

Zawgyi

ဂျင်း နှင့် ဂျွန်းတို့၏ ...
အပိုင်း//၂-၁၂//{ချစ်ခြင်းတရား၏လေးနက်မှုများ}
*ပျောက်ဆုံးသွားသောကလေးငယ်၏ကံကြမ္မာ၁၂*

〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

ဘတ်ခီရာ ပြန်ရောက်လာချိန်မှာတော့ ထယ်ရီက ခရီးဦးကြိုနေခဲ့သည်။ ဘတ်ခီရာဟာ သူမရဲ့သမီးထယ်ရီ၏အတွေးတွေကိုမသိသည့်အတွက် ဘာသံသယမှလဲရှိမနေခဲ့ပေ။

"မယ်တော် အပြင်ကိုထွက်သွားတယ်?"

ထယ်ရီရဲ့အမေးစကားကို ဘတ်ခီရာ ခေါင်းငြိမ့်ပြလိုက်သည်။ သူမအနေနဲ့ ဘာမှလျို့ဝှက်ထားစရာမရှိပေ။

"မယ်တော် ဘယ်သူ့ဆီသွားတာလဲ? ဘာသွားလုပ်တာလဲ? ဟိုကလေးမဆီသွားတာလား?"

တရစပ်မေးခွန်းတွေကြောင့် ရှေ့ဆက်သွားနေတဲ့ဘတ်ခီရာရဲ့ခြေလှမ်းတွေရပ်တန့်သွားပြီး နောက်လှည့်ကြည့်လာခဲ့သည်။ သံသယမျက်ဝန်းတွေနဲ့အတူ မျက်မှောက်ကြုတ်ကာကြည့်လာချိန်မှာတော့ ထယ်ရီစိုးထိတ်သွားရပြီး ချက်ချင်းခွန်းတုန့်ပြန်လာတော့သည်။

"သမီး စိတ်ပူသွားလို့ပါမယ်တော် မယ်တော် ယယ်အင်တောင်အတွင်းကမထွက်တာ နှစ်တစ်သောင်းနီးပါးရှိနေပြီဆိုတော့"

"ငါ ကလေးမဟုတ်ဘူး ထယ်ရီ"

ဘတ်ခီရာ ပြောပြီးတဲ့နောက်ထွက်ခွာသွားခဲ့ပြီး ထယ်ရီကတော့ နေရစ်ခဲ့လေသည်။ သူမရဲ့မျက်နှာမှာ စိုးရိမ်ကြောင့်ကျမှုတွေနဲ့ပြည့်နေပြီး သူမမယ်တော်ကို အခြားသူလုသွားမှာ ကြောက်နေမိသည်။

စိမ်းပြာရောင်ကျောက်နဲ့ အနက်ရောင်ကျောက်ရှိနေသရွေ့ သူမစိတ်အေးရမှာမဟုတ်ပေ။ သူမအနေနဲ့ ဟန်ဂျွန်းကိုလှုံ့ဆော်ဖို့သာတတ်နိုင်သည်။ ဟယ်ဂျင်းနဲ့ ဟန်ဂျွန်းတွေ့ဆုံမဲ့အချိန်မှာ အနက်ရောင်ကျောက်ကိုဖျက်စီးပစ်ရန် တောင်းဆိုမှဖြစ်မည်။

-----------------:

"မင်ဂျယ်"

ဟန်ရှင်း ဟိုမင်ဂျယ်ရဲ့မျက်နှာအား ပွတ်သပ်ရင်း တယုတယခေါ်လိုက်သည်။

သက်ရောက်မှုပြင်းထန်လာတာနဲ့အမျှ ဟိုမင်ဂျယ်ရဲ့အသိအာရုံတွေ ပြိုပျက်လာပြီး ဟန်ရှင်းအားမမှတ်မိပေ။

သွေးနီဖြာသောလျို့ဝှက်ဒဏ္ဍာရီ『𝔻𝔸ℝ𝕂 𝕎𝕆ℝ𝕃𝔻 : 𝔻𝔸ℝ𝕂 𝔽𝕀𝔼ℕ𝔻』Where stories live. Discover now