အခန်း[၃၂] လျို့ဝှက်ရဲတိုက်ငယ်ရှိအမျိုးသား

54 2 0
                                    

Zawgyi:

ဂျင်း နှင့် ဂျွန်း တို့၏ ...
အပိုင်း//၂-၄//{လျို့ဝှက်ရဲတိုက်ငယ်ရှိအမျိုးသား}
ပျောက်ဆုံးသွားသောကလေးငယ်၏ကံကြမ္မာ*၄*

〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

အလင်းလောကတွင်/

ထူပြောလှတဲ့သွားလာသူတွေနဲ့ ဆူညံနေတဲ့မြို့တော်လမ်းမကြီး...

တိုင်းပြည်အပြောင်းအလဲဖြစ်ပြီးကတည်း အရှင်မင်းကြီးမန်ဂို၏ ကောင်းမွန်လှတဲ့အုပ်ချုပ်မှုစနစ်ကြောင့် ပိုမိုသာယာလာပြီး ပြည်သူတို့ဘဝ.. ပိုမိုအဆင်ပြေလာခဲ့သည်။

သမန်းကျားသစ်နက်မျိုးနွယ်စုရန်စွယ်ကိုကြောက်ရွံ့ကာ မင်းကြီးနဲ့ စစ်သူကြီးတို့ ကြိုးပမ်းမှုများဟာလည်း ယခုတော့ ဘာမှအရေးမပါတော့ပေ။

ဘာပဲဖြစ်ဖြစ် အလင်းလောကနဲ့ အမှောင်လောကကြားက ငြိမ်းချမ်းမှုသဘောတူညီချက် ဆက်လက်တည်ရှိနေလေသည်။

"မိန်းမရေ ကလေးငိုနေပြီ"

မြို့တော်လမ်းမထက်က ရှေးဟောင်းဆေးဆိုင်ဟုအမည်ရတဲ့ဆိုင်ထဲမှ အသံထွက်ပေါ်လာခဲ့သည်။ အမျိုးသားဟာ ကလေးငယ်အား ထွေးပိုက်ထားပြီး ချော့မြူနေခဲ့သည်။

အမှောင်လောက,က အရှင်သခင်မဟန်ဂျူးသာတွေ့ရင် အမတ်ကြီးဆိုးရာရှင်းမှန်း တန်းမှတ်မိမှာပင်။

"လာပါပြီ"

ဆိုးရာရှင်း ကလေးငယ်အား လွှဲပြောင်းပေးလိုက်သည်။ ငိုနေတဲ့ကလေးငယ်ဟာ ချက်ချင်းအငိုတိတ်သွားကာ နို့အားလှမ်းဆွဲနေတော့သည်။

"ဟုတ်ပါပြီ ကလေးရယ် မေမေတိုက်မှာပေါ့ ကျွတ် ကျွတ် ကျွတ်"

ဆိုးရာရှင်း အမျိုးသမီးဘေးမှာဝင်ထိုင်လိုက်ပြီး နို့စို့နေတဲ့ကလေးငယ်ရဲ့ပါးပြင်အား ခပ်ဖွဖွပွတ်သပ်လိုက်သည်။

"နွီ ဒီတစ်ခေါက် ဟိုကိုပြန်လိုက်ခဲ့ပါလား"

နွီရင်ဟာ သက်ပြင်းခပ်ဖွဖွချလိုက်သည်။ သူမဟာ လူသားတစ်ယောက်မို့ အမှောင်လောကထဲနေထိုင်လို့မရပေ။ ဒါပေမဲ့ ကံကြမ္မာကြောင့် ဆိုးရာရှင်းနဲ့တွေ့ဆုံကာ ကလေးနှစ်ယောက်မွေးပေးနိုင်ခဲ့သည်။

သွေးနီဖြာသောလျို့ဝှက်ဒဏ္ဍာရီ『𝔻𝔸ℝ𝕂 𝕎𝕆ℝ𝕃𝔻 : 𝔻𝔸ℝ𝕂 𝔽𝕀𝔼ℕ𝔻』Where stories live. Discover now