အခန်း[၃]အချစ်ကြီးသူ၏ ဆုံးဖြတ်ချက်

72 9 5
                                    

Zawgyi:

သမန်းကျားသစ်နက်မျိုးနွယ်စုအန္တရာယ်
အပိုင်း//၁-၃//{အချစ်ကြီးသူ၏ ဆုံးဖြတ်ချက်}

〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

မှော်မိစ္ဆာမျိုးနွယ်စုတိုင်းပြည်ကြီးရဲ့အနက်ရောင်မှော်ရဲတိုက်ကြီးရဲ့ သခင်မနန်းဆောင်။

"မယ်မယ့်ကို ငါရောက်နေတယ်လို့ လျှောက်တင်လိုက်"

ဟန်ရှင်း မောက်မာသောအသံဖြင့် အခြံအရံတွေကို အမိန့်ပေးလိုက်ကာ သူ့ဝတ်ဆင်ထားတဲ့အဆောင်အယောင်အဝတ်အစားတွေအား ပြန်ပြင်ဆင်နေသည်။

"အရှင်သခင်မ သခင်မလေးဟန်ရှင်း တွေ့ခွင့်တောင်းနေပါတယ်"

"ဝင်ခိုင်းလိုက်"

အထဲက အသံထွက်လာတော့ ဟန်ရှင်းပြုံးလိုက်ကာ အထဲကို ဝင်သွားတော့သည်။

"မယ်မယ်"

မှော်မိစ္ဆာမျိုးနွယ်စုရဲ့အရှင်သခင်မဟာ ခမ်းနားသော အနက်ရောင်ဝတ်ရုံအားဝတ်ဆင်ထားကာ ထိုအနက်ရောင်ဝတ်ရုံထက်၌ ဇာမဏီဌက်ပုံကို အနီရောင်ဖြင့် ထည်ဝါစွာ ချည်ထိုးထားသည်။

"ရှင်း ဘာကိစ္စရှိလို့လဲ"

"မယ်မယ် သမန်းကျားသစ်နက်မျိုးနွယ်စုအကြာင်းကြောင့်နဲ့ ခေါင်းစားနေတယ်မဟုတ်လား"

"သမီးလဲ သိသားပဲ ဒီအရေးက အမှောင်လောကတစ်ခုလုံးနဲ့ သက်ဆိုင်နေတယ်လေ"

"ရှင်း ‌အကြံတစ်ခုပေးချင်လို့‌ မယ်မယ်"

မှော်မိစ္ဆာအရှင်သခင်မဟာ သူ့နားထင်အား လက်တစ်ဖက်နဲ့ထောက်ထားကာ မေးငေ့ပြလာသည်။

"ဒီလိုပါ မယ်မယ်.. ရှင်းမှာ အနက်ရောင်ကျောက်ကို ရအောင်ယူဖို့ အကြံရှိပါတယ်"

"အင်အားကြီးမားနေတဲ့ သမန်းကျားသစ်နက်မျိုးနွယ်စုဆီကနေ အနက်ကျောက်ကို ဘယ်လိုခိုးယူမှာလဲ ရှင်း"

"မယ်မယ် ယုံကြည်ပေးပါ တကယ်လို အောင်မြင်ခဲ့ရင် အရှင်သခင်မနေရာကို အကိုတော်အစား ရှင်းကို လွှဲအပ်ပေးပါ"

သွေးနီဖြာသောလျို့ဝှက်ဒဏ္ဍာရီ『𝔻𝔸ℝ𝕂 𝕎𝕆ℝ𝕃𝔻 : 𝔻𝔸ℝ𝕂 𝔽𝕀𝔼ℕ𝔻』Where stories live. Discover now