အခန်း[၉]မျိုးနွယ်စုတွေ စုပေါင်းတိုက်ခိုက်ကြခြင်း

27 4 8
                                    

Zawgyi:

သမန်းကျားသစ်နက်မျိုးနွယ်စုအန္တရာယ်
အပိုင်း//၁-၉//{မျိုးနွယ်စုတွေ စုပေါင်းတိုက်ခိုက်ကြခြင်း}

〰〰〰〰〰〰〰〰〰〰〰〰〰〰

သဘာဝအလှတရားတွေနဲ့ ထူးဆန်းလှသောတောအုပ်ကြီးအတွင်း လှပသောမိန်းမပျိုလေးဟာ ငြိမ့်ညောင်းစွာ လျှောက်လှမ်းလာသည်၊၊

သူမရဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးနဲ့ ဘေးဝန်းကျင်ကို လှည့်ပတ်ကြည့်နေပုံပေါ်ပြီး သူမရဲ့နီစွေးနေသော နှုတ်ခမ်းလေးဟာ လှုပ်ရှားနေလေသည်၊၊

သူမရဲ့နို့စိမ်းရောင်ဝတ်ရုံလေးဟာ လေအဝေ့မှာ လှုပ်ယမ်းနေသည်မှာ အလွန်ပင် လှပလွန်းလှသည်၊၊

'အရင်က ကလေးငယ်တွေ ဆော့ကစားတတ်ကြပါတယ် ဒီနေ့ဘာလို့များ တိတ်ဆိတ်နေတာပါလိမ့်'

သူမရဲ့ပြုံးနေတဲ့နှုတ်ခမ်းလေးဟာ ချက်ချင်းမဲ့သွားကာ ရေရွတ်လာသည်၊၊

သူမရဲ့လည်ပင်းထက်က ရွှေရောင်လိပ်ပြာလေးဟာ ချက်ချင်းထပျံ့တော့မယ့်အတိုင်း အသက်ဝင်နေသည်၊၊

ဟုတ်ပါတယ်၊၊ သူမဟာ နတ်လိပ်ပြာမျိုးနွယ်စုက မိန်းမပျိုလေးထယ်ရီပါပဲ၊၊

သူမအနားကို သက်ရှိလိပ်ပြာလေးတစ်ကောင် ကပ်လာခဲ့ပြီး သူမ လည်ပင်းထက် နားလိုက်သည့်အခါ သူမအံ့အားသင့်သွားရသည်၊၊

"ဒုက္ခပဲ မဖုံးလာမိဘူးလား"

သူမ ချက်ချင်း သူမရဲ့စွမ်းအင်ကို ထုတ်သုံးလိုက်သည့်အခါ သူမ လက်ဖဝါးထဲကနေရွှေရောင်စွမ်းအင်အချို့ထွက်လာကာ သူမရဲ့လည်ပင်းက လိပ်ပြာအမှတ်လေးဟာ ချက်ချင်းပျောက်ကွယ်သွားပြီး သူမလည်ပင်းမှာလာနားနေသောလိပ်ပြာလေးလဲ ပျံထွက်သွားတော့သည်၊၊

'တော်သေးတယ် ဘယ်သူမှ မမြင်သေးလို့'

-----------------:

ယခု အမှောင်လောကကို ရိုက်ခတ်နေတဲ့သတင်းက အင်အားကြီးမျိုးနွယ်စုဝင်တွေ အတူပူးပေါင်းနေကြတာပါပဲ၊၊ ဒါကလည်း သမန်းကျားသစ်နက်မျိုးနွယ်စုကို နှိမ်နင်းဖို့ပါ၊၊

မျိုးနွယ်စုတွေ ပထမဆုံးအကြိမ်စုစည်းကြတဲ့အခြေအနေလဲဖြစ်သည်၊၊

သွေးနီဖြာသောလျို့ဝှက်ဒဏ္ဍာရီ『𝔻𝔸ℝ𝕂 𝕎𝕆ℝ𝕃𝔻 : 𝔻𝔸ℝ𝕂 𝔽𝕀𝔼ℕ𝔻』Where stories live. Discover now