အခန်း[၈]လှည့်ဖြားခြင်းရလဒ်

35 4 5
                                    

Zawgyi:

သမန်းကျားသစ်နက်မျိုးနွယ်စုအန္တရာယ်
အပိုင်း//၁-၈//{လှည့်ဖြားခြင်းရလဒ်}

〰〰〰〰〰〰〰〰〰〰〰〰〰〰

အရှင်သခင်မဟန်ဂျူးဟာ စိုးရိမ်နေပေမဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ပြောလာသည်၊၊

"အင်း...ခေါင်းဆောင်နမ်ရဲ့စိတ်ဓာတ်အရ သေချာပေါက် အဲ့ကိုပဲ သွားမှာ ဒါပေမဲ့ အခုက သမန်းကျားသစ်နက်မျိုးနွယ်စုက အင်အားကြီးနေပြီး မျိုးနွယ်စုငယ်တွေကို ဖိနှိပ်ထားလို့ ဘယ်မျိုးနွယ်စုငယ်တွေမှ ရှေ့မထွက်လာကြဘူး

အဲ့တော့ ရှိမှာက ငါတို့ရယ်၊ သတ္တဝံပုလွေမျိုးနွယ်စုရယ်၊ နတ်လိပ်ပြာမျိုးနွယ်ရယ်ပဲ ရှိတာ သိတဲ့အတိုင်း သတ္တဝံပုလွေမျိုးနွယ်စုက ပြဿနာဖြစ်ပြီးတဲ့နောက်ပိုင်း အဆက်အသွယ်မရသေးသလို နတ်လိပ်ပြာမျိုးနွယ်စုက လျို့ဝှက်နေထိုင်သူတွေ

ဘာပဲဖြစ်ဖြစ် ငါတို့ကြိုးစားကြည့်တာပေါ့ နတ်လိပ်ပြာမျိုးနွယ်စုနဲ့ သတ္တဝံပုလွေမျိုးနွယ်စုကို ရအောင်အကြောင်းကြားလိုက်မယ် မင်းလဲ မင်းမျိုးနွယ်စုကို စုစည်းထားလိုက် တိုက်ပွဲက ဒီညဖြစ်ရင်ဖြစ်နိုင်တယ် ခေါင်းဆောင်နမ်ကို ကယ်တင်နိုင်ဖို့ မမျှော်လင့်နဲ့ ဟိုမင်ဂျယ်က သူ့ကို သေချာပေါက်သတ်ပစ်မှာ ငါတို့မမှီနိုင်ဘူး ဒါပေမဲ့ သူ့ကို နှိမ်နင်းဖို့တော့ ဖြစ်နိုင်လောက်မယ်"

သခင်မပြောလာတဲ့စကားကို မီးငှက်မျိုးနွယ်စုဝင်ငယ်က ခေါင်းငြိမ့်ကာ နားထောင်နေသည်၊၊ အခုချိန် မှော်မိစ္ဆာမျိုးနွယ်စုသခင်မစကားကို နားထောင်လိုက်တာ အကောင်းဆုံးပင်၊၊

ခေါင်းဆောင်ကို ဆုံးရှုံးနိုင်ပေမဲ့ မျိုးနွယ်စုကို ကာကွယ်ဖို့က အရေးကြီးဆုံးပဲ၊၊ ခေါင်းဆောင်ကိုယ်တိုင်ကလည်း သူတို့ကို ထားခဲ့ပြီး တစ်ယောက်တည်းရင်ဆိုင်ဖို့ သွားခဲ့သည်မဟုတ်လား၊၊

ဒီလောက်ဆို ခေါင်းဆောင်ရဲ့သဘောထားကို သူတို့သိသင့်နေပါပြီ၊၊ ဒါ့ကြောင့် မျိုးနွယ်စုကိုလည်း ကာကွယ်ဖို့ လုပ်ရမည်၊၊

"ဟုတ်ကဲ့ သခင်မ ပြောတဲ့အတိုင်း လုပ်လိုက်ပါ့မယ်"

-----------------:

သွေးနီဖြာသောလျို့ဝှက်ဒဏ္ဍာရီ『𝔻𝔸ℝ𝕂 𝕎𝕆ℝ𝕃𝔻 : 𝔻𝔸ℝ𝕂 𝔽𝕀𝔼ℕ𝔻』Where stories live. Discover now