အခန်း[၄၅] မျှော်လင့်ချက်တို့ အဆုံးသတ်သွားခဲ့ပြီ〔ဇာတ်သိမ်းပိုင်း〕

59 2 0
                                    

Unicode:

ဂျင်း နှင့် ဂျွန်းတို့၏ ...
အပိုင်း//၂-၁၇//{မျှော်လင့်ချက်တို့အဆုံးသတ်သွားခဲ့ပြီ} ဇာတ်သိမ်းပိုင်း
ပျောက်ဆုံးသွားသောကလေးငယ်၏ကံကြမ္မာ*၁၇*

〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

"သခင်မလေး"

ထယ်ရီ သူမရဲ့အသိစိတ်တစ်ဝက်ပျက်စီးသွားခြင်းကြောင့် ဟယ်အင်တောင်၏လျို့ဝှက်နယ်‌မြေအတွင်း မဝင်ရောက်နိုင်တော့ပေ။

အသိစိတ်ပြည့်ဝနေသည့်လိပ်ပြာသဏ္ဍာန်ကသာ လျို့ဝှက်နယ်မြေအားဖွင့်နိုင်ပေသည်။

ထယ်ရီ မသိစိတ်ဝိညာဥ် ကြီးကြီးမားမားထိခိုက်သွားခြင်းကြောင့် ရက်အနည်းငယ်ရမေ့မြောနေခဲ့ပြီး ခီရာတောင်ကြားအား ခက်ခက်ခဲခဲပြန်လာခဲ့ရသည်။

သူမရဲ့လိပ်ပြာတစ်ဝက်နဲ့ နယ်မြေအားမဖွင့်နိုင်ပေမဲ့ အသိတော့ပေးနိုင်သေးသည်။

အတွင်းဘက်မှ မိန်းမငယ်လေးတစ်ဦးဟာ နယ်မြေအားဖွင့်ပေးလာခဲ့သည်။ ပထမတော့ အသိပေးချက်ကြောင့် ဇဝေဇဝါဖြစ်သွားရပေမဲ့ သင်္ကေတဟာ သခင်မလေးဖြစ်နေတာကြောင့် လာကြည့်ခဲ့တာပင်။

"သခင်မလေး!"

မိန်းမငယ်လေးဟာ ထိခိုက်ကာလဲကျ‌ေနသည့် ထယ်ရီအားတွေ့လိုက်ရပြီး စိုးရိမ်တကြီးအော်ဟစ်လာတော့သည်။

ထယ်ရီဟာ အသက်မျော့မျော့သာကျန်နေပြီး အချိန်မရွေးသေဆုံးနိုင်ပုံပေါ်နေသည်။

"မယ်တော်ရော! မယ်တော်ဘယ်မှာလဲ?"

ထယ်ရီ သူမမယ်တော်အားမေးသည့်စကားတစ်ခွန်းပြောပြီးနောက် သတိထပ်လစ်သွားတော့သည်။

နောက်ဆုံးအသိစိတ်ရှိနေတဲ့အချိန်မှာတောင် သူမမယ်တော်ကိုသာ တမ်းတနေခဲ့သည်။ ဒါကို သူမမယ်တော်က အခြားသူအားပိုချစ်နိုင်ရတာလဲ?

-------------------------:

သတ္တဝံပုလွေမျိုးနွယ်စုနယ်မြေတွင်

မွန်ရာဂျစ် ဟယ်ဂျင်းအား ထွေးပွေ့သယ်ဆောင်လာခဲ့သည်။ မျိုးနွယ်စုအတွင်း မွန်ဂျာဟွန်းရှိမနေတာကြောင့် ရာဂျစ်ဟာ ဟယ်ဂျင်းကို သူ့ရဲ့အိမ်အတွင်း ဖွက်ထားဖို့ဆုံးဖြတ်ထားလေသည်။

🎉 You've finished reading သွေးနီဖြာသောလျို့ဝှက်ဒဏ္ဍာရီ『𝔻𝔸ℝ𝕂 𝕎𝕆ℝ𝕃𝔻 : 𝔻𝔸ℝ𝕂 𝔽𝕀𝔼ℕ𝔻』 🎉
သွေးနီဖြာသောလျို့ဝှက်ဒဏ္ဍာရီ『𝔻𝔸ℝ𝕂 𝕎𝕆ℝ𝕃𝔻 : 𝔻𝔸ℝ𝕂 𝔽𝕀𝔼ℕ𝔻』Where stories live. Discover now