Zawgyi:
ဂျင်း နှင့် ဂျွန်း တို့၏ ...
အပိုင်း//၂-၈//{ထိုလူ့ကို မရှင်သန်စေချင်ဘူး}
ပျောက်ဆုံးသွားသောကလေးငယ်၏ကံကြမ္မာ*၈*〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️
"ဆေးတွေကအလုပ်မလုပ်တော့ဘူးလား"
ဟန်ရှင်း အံကြိတ်ကာဆိုသည်။ ဒါ့အပြင် သူမတုန်လှုပ်နေသလို။
ဟိုမင်ဂျယ်က သူမအား မုန်းတီးနေပြီး ဒေါသတကြီးအော်ဟစ်လာတဲ့ပုံရိပ်ကိုပြန်တွေးရင်း သူမဝမ်းနည်းနေမိသည်။
ဘာကြောင့်များ ဟိုမင်ဂျယ်က အတိတ်ကိုမှတ်မိပြီး ဆေးတွေ၊ မန္တာန်တွေက ဘာကြောင့်အလုပ်မလုပ်တော့တာလဲဆိုတာ သူမသိပေ။ ဖြစ်လာတဲ့အကြိမ်ရေက စိပ်လာပြီး ဟိုမင်ဂျယ်ဟာ သူမရဲ့ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်နေပေသည်။
"ဆေးကအလုပ်မဖြစ်စရာအကြောင်းမရှိဘူး သခင်မလေး ဘာကြောင့်ဒီလိုဖြစ်နေလဲဆိုတာ ကျနော်လဲမသိဘူး"
ဆိုးအန်းမို ဟန်ရှင်းမျက်နှာကိုကြည့်ကာပြောလာသည်။ သူ့ရဲ့မျက်ဝန်းတွေထဲမှာတော့ တိတ်ဆိတ်မှုတွေ၊ ယူကျုံးမရမှုတွေနဲ့ပြည့်နေပြီး ဖေးမကူညီဖို့သာတတ်နိုင်သယောင်ပင်။
"မဖြစ်ဘူး ဒီလိုတွေဆက်ဖြစ်လို့မရဘူး ဒီလိုသာဆက်သွားနေရင်... အန်းမို နင်ငါ့ကိုကူညီရမယ်!"
"စိတ်ချပါ ကျွန်တော်မျိုးကူညီပေးမှာပါ"
"မဖြစ်သေးဘူး ဆရာ့ဆီသွားရမယ်"
ဟန်ရှင်း စိုးရိမ်ကြောင့်ကြစိတ်များနဲ့ရေရွတ်ရင်း ထွက်ခွာသွားတော့သည်။
---------------:
"ဒါဆို ကျွန်မရဲ့အနာဂတ်နဲ့ အနက်ရောင်ကျောက်က ဆက်စပ်နေတယ်ပေါ့"
ဟယ်ဂျင်း တဖြည်းဖြည်းစွမ်းအင်လျော့ကျလာတဲ့စိမ်းပြာရောင်ကျောက်အား ဆုတ်ကိုင်ကာမေးမြန်းလိုက်သည်။
"မင်းရဲ့အနာဂတ်ထက် အခြားသူတစ်ယောက်ရဲ့အသက်သွေးကြောလို့ပြောရမယ်"
"ဘယ်လို?"
အနက်ရောင်ကျောက်နဲ့စိမ်းပြာရောင်ကျောက်ကာ စုံတွဲကျောက်(အမွှာကျောက်)တွေပြောရပေမည်။ နတ်ဆိုးနက္ခတ်အတွင်းမွေးဖွားလာတဲ့အယ်ရင်းရဲ့စွမ်းအင်ကျောက်နဲ့အတူ အနက်ရောင်ကျောက်ဟာ ပေါ်ထွက်လာခဲ့လေသည်။
YOU ARE READING
သွေးနီဖြာသောလျို့ဝှက်ဒဏ္ဍာရီ『𝔻𝔸ℝ𝕂 𝕎𝕆ℝ𝕃𝔻 : 𝔻𝔸ℝ𝕂 𝔽𝕀𝔼ℕ𝔻』
Mystery / Thriller❗Not Translation❗ Own Creation - @A_Hlyan_Satt Cover by @ahlyansatt 『လျို့ဝှက်ဆန်းကျယ်မှုများနှင့်ဟိုဂျူးတောအုပ်ကမ္ဘာ』 အလင်းလောကနဲ့ အမှောင်လောကဟာ အချင်းချင်းမထိခိုက်စေပဲ ကိုယ့်လောကနဲ့ကိုယ်သာနေပါမည်ဟူသော သဘောတူညီချက်ဖြင့် အေးချမ်းနေခဲ့သော်လည်း အမှော...