အခန်း[၃၅] ဆာဂျူနို

68 2 0
                                    

Zawgyi:

ဂျင်း နှင့် ဂျွန်း တို့၏ ...
အပိုင်း//၂-၇//{ဆာဂျူနို}
ပျောက်ဆုံးသွားသောကလေးငယ်၏ကံကြမ္မာ*၇*

〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

မွန်ဂျာဟွန်း ထွက်သွားသည့်ဟယ်ဂျင်းအားကြည့်ကာ မျိုးနွယ်စုအတိုင်ပင်ခံအား ဆေးပန်းပင်နယ်မြေရှိ အမျိုးသမီးကြီးရှိရာကို စေလွှတ်လိုက်သည်။ ဟယ်ဂျင်း၏နောက်ကို လိုက်ကာစောင့်ကြည့်ဖို့ မွန်ဂျာဟွန်းလူလွှတ်ထားတာကြောင့် ထိုအမျိုးသမီးအကြောင်းကိုသိပေသည်။

ဒါ့အပြင် ထိုအမျိုးသမီး၏အကြောင်းကို သူ့၏ဖခင်ဟာ သူ့အားပြောပြထားဖူးသည်။ လွန်ခဲ့သောနှစ်ပေါင်းထောင်ချီတုန်းကတိုက်ပွဲတွင် ထိုအမျိုးသမီးပါဝင်ခဲ့ပြီး တိုက်ပွဲအား အဆုံးသတ်ပေးခဲ့သည်။

ထိုအမျိုးသမီးဟာ အနာဂတ်အားကြိုမြင်နိုင်သည့်စွမ်းအင်လဲရှိသည်တဲ့။ ဒါပေမဲ့ နောက်ပိုင်းစွမ်းအင်ယုတ်လျော့သွားကာ ထိုအမျိုးသမီးဟာ နတ်ဆိုးတမန်ဖြစ်လာတော့သည်။

"ထိုအမျိုးသမီးဆီသွား"

မျိုးနွယ်စုအတိုင်ပင်ခံဟာ ဦးညွှန့်ကာထွက်ခွာသွားတော့သည်။

ဘာပဲဖြစ်ဖြစ် ဟယ်ဂျင်းဟာ အနက်ရောင်ကျောက်ဟာ သူမပိုင်ဆိုင်မှုအဖြ်း ရယူနိုင်ရမည်။

"ဟယ်ဂျင်းဆိုတဲ့မိန်းကလေးရောက်လာခဲ့ရင် အနက်ရောင်ကျောက်ကျင့်စဉ်ကိုရယူမှဖြစ်မယ်ဆိုပြီး ပြောပေးရမယ်"

"ကောင်းပြီ"

အယ်ရင်းရှိရာကို အမျိုးသားတစ်ဦးရောက်ရှိလာခဲ့ပြီး အမိန့်သဖွယ်ပေးလာခဲ့သည်။ အယ်ရင်းအား လိမ်ညာဖို့လာပြောပေမဲ့ တကယ်တမ်းအမှန်တရားမို့သာ အယ်ရင်းခေါင်းငြိမ့်လိုက်တာဖြစ်သည်။

သတ္တဝံပုလွေမျိုးနွယ်စုဟာ အယ်ရင်း၏ဖေးမမှုနဲ့ တည်တံ့လာပေမဲ့ အယ်ရင်းစွမ်းအင်ယုတ်လျော့သွားပြီးတဲ့နောက် သူမအား လက်အောက်ခံသဖွယ်သတ်မှတ်လာခဲ့သည်။ ယခုလည်း သူမအားဆွဲထည့်နေပြန်သည်။

အယ်ရင်းဟာ မပတ်သတ်ချင်ပဲ ပါဝင်နေရတဲ့ကံကြမ္မာစက်ဝန်းထဲ မျောပါနေခဲ့ပြီး ကံကြမ္မာနတ်ဘုရားချားရော့ဟာ အဲသော်ရက်ကြောင့် သူမကိုပါ ပစ်မှတ်ထားနေသလားလို့ပင် တွေးနေမိတော့သည်။

သွေးနီဖြာသောလျို့ဝှက်ဒဏ္ဍာရီ『𝔻𝔸ℝ𝕂 𝕎𝕆ℝ𝕃𝔻 : 𝔻𝔸ℝ𝕂 𝔽𝕀𝔼ℕ𝔻』Where stories live. Discover now