အပိုင်း ၁၇ ( U + Z )

14.2K 2.3K 158
                                    

[ Unicode ]

ကျင်းရှောင်ဟာ နေ့တစ်ဝက်အချိန်လောက် ကြောင်အသွားပြီးနောက်မှာ သူ့ဝမ်ဖေးက သူ့ကို ပိုက်ဆံချေးနေကြောင်းကို သိလိုက်ရသည်။ သူက မျက်မှောင်ကြုတ်လိုက်ကာ မုဟန်ကျန်းကို ဆွဲပြီး 'နားဆင်လေညင်း' ပွဲကြည့်စင်ရှိ စာကြည့်ခန်းထဲသို့ သွားကာ အပေါ်၌ ရွှေရောင်အဆင်တန်ဆာများဖြင့် စီချယ်ထားသော ရင်းတိုက်သားသေတ္တာအသေးလေးကို ထုတ်ပြီး မုဟန်ကျန်းအား ပေးလိုက်ကာ

“ဒါကို အရင်ဆုံးယူထားလိုက်… တကယ်လို့ မလောက်သေးဘူးဆိုရင် ကိုယ့်ကို ထပ်လာပြော…”  
 
“နို့ထိန်းအမေရဲ့မိသားစုမှာ မတော်တဆထိခိုက်မှုလေးတစ်ခုဖြစ်သွားလို့လေ… ပြီးတော့ အခုလက်ထဲမှာ ပိုက်ဆံကမရှိလို့…”

မုဟန်ကျန်းက ခေါင်းကို ငုံ့လိုက်ကာ

“ရွာကနေ အခွန်ကောက်တွေရရင် ပြန်ပေးပါ့မယ်…”

ပြောပြီးနောက် သေတ္တာအသေးလေးကို ဖွင့်ကြည့်လိုက်ရာ အတွင်းထဲတွင် ရွှေပြားတစ်ရာ၊ ငွေပြားတစ်ရာအပြင် ငွေစက္ကူတစ်ထပ်ကိုပါ တွေ့လိုက်ရသည်။ ငွေစက္ကူတစ်ရွက်က ငွေပြားတစ်ထောင်တန်ကာ ငါးရွက်ရှိသည်။
 
“နောက်တစ်ခေါက် ထပ်ပြောကြည့်လိုက်…!”

ကျင်းရှောင်က ဒေါသထွက်သွားပြီး ဖြေးဖြေးချင်း ထရပ်လိုက်ကာ မုဟန်ကျန်းအနားသို့ သွားလိုက်ပြီး မုဟန်ကျန်း၏မေးစေ့ကို ဆွဲဖြစ်ကာ သူနှင့် မျက်နှာချင်းဆိုင်စေလိုက်သည်။

မုဟန်ကျန်းက လန့်သွားလေသည်။ ဒေါသထွက်သွားသော ကျင်းရှောင်ကို ကြည့်လိုက်ပြီးနောက် ကိုယ့်ယောကျ်ားကို ပိုက်ဆံပြန်ပေးမယ်ဆိုပြီး ပြောလိုက်မိတာက မှားသွားမှန်းသိလိုက်သည်။ သူက နှုတ်ခမ်းကို လျှာနဲ့သပ်ကာ ပြန်ပြင်ပြောလိုက်လေသည်။

“ကျွန်တော့်ရွာရဲ့သီးနှံထွက်နှုန်းက သိပ်မကောင်းတော့ ဒီငွေငါးထောင်ကို ဆယ်နှစ် ဒါမှမဟုတ် နှစ်နှစ်ဆယ်ကြာရင်တောင်မှ ပြန်ပေးနိုင်မယ်မထင်ပါဘူး…”
 
ထိုစကားဟာ နဂိုက ပိုက်ဆံပြန်ပေးမယ်ဆိုသောကိစ္စကို ပြန်ရုတ်သိမ်းရန် ပြောလိုက်သော အကြောင်းပြချက်တစ်ခုသာဖြစ်ပေမယ့်လည်း ကျင်းရှောင်ရဲ့စိတ်အခြေအနေကတော့ ထူးထူးဆန်းဆန်းပဲ ပြန်ကောင်းသွားလေသည်။ သို့ပေမယ့် သူက မုဟန်ကျန်း၏မေးစေ့ကို ပင့်ကိုင်ထားဆဲပင်။ 

The Wife Is First『 ဇနီးကသာ ပထမ 』Where stories live. Discover now