အပိုင်း ၆၈ ( U + Z )

1.2K 169 9
                                    

[ Unicode ]

ဤသို့ဖြင့် နားဝေတိမ်တောင်ဖြစ်နေသော ကျင်းရှောင်ဟာ လိုလားမှုတစ်ဝက် မလိုလားမှုတစ်ဝက်ဖြင့် ဟွိုက်နန်ဘုရင်နှင့် ညီနောင်ဖွဲ့ခဲ့ရလေသည်။ သူတို့သုံးယောက်ဟာ စိမ်းလန်းသော ဝါးပွဲကြည့်စင်တွင် တနေ့ခင်းလုံး အချိန်ဖြုန်းခဲ့ကြသည်။ ရတနာဓားအကြောင်း၊ စစ်ပညာများ၊ အစားအသောက်များ၊ အလှတရားများ၊ ကဗျာများနှင့် သီချင်းများအကြောင်းစသည့် အကြောင်းအရာများစွာကို နေဝင်ချိန်အထိ ရောက်တတ်ရာရာဆွေးနွေးခဲ့ကြသည်။ နေဝင်ရီတရောအချိန်ရောက်မှသာ အချင်းချင်း နှုတ်ဆက်ခွဲခွာခဲ့ကြ၏။ ကုဟွိုက်ချင်းက သူဟာ ယခုလက်ရှိ ဝတင်းရေဥယျာဉ်၌ တည်းခိုနေပြီး ကျင်းရှောင်တို့နှစ်ယောက်အချိန်ရှိပါက သူ့ဆီသို့ လာရောက်နိုင်ပါကြောင်း ပြောကြားခဲ့သည်။

ထွက်ခွာသွားသော လူနှစ်ယောက်ကို ကြည့်ရင်း ကုဟွိုက်ချင်းက လက်နှစ်ဖက်ကို နောက်ပြစ်ကာ မတ်တပ်ရပ်လိုက်ပြီး သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခုက တဖြည်းဖြည်း ဖြစ်ထွန်းလာသည်။ ချန်ဝမ်နှင့်သူ၏ခင်ပွန်းတို့ဟာ အသီးသီးအားသာချက်ကိုယ်စီရှိကြသည်။ နှစ်ယောက်အတူမဟုတ်လျှင် ဘာမှစိတ်ပူစရာမရှိသော်လည်း အတူတူရှိနေပါက သူတို့နှစ်ယောက်ဟာ ပြီးပြည့်စုံသော ပေါင်းစပ်မှုတစ်ခုဖြစ်လာသည်။ တစ်ယောက်က ပညာအရာတွင် ထူးချွန်ပြီး ကျန်တစ်ယောက်ကတော့ စစ်ရေးစစ်ရာများကို အထူးကျွမ်းကျင်သည်။ ဒါ့အပြင် တစ်ယောက်က ရဲဝင့်သော သတ္တိရှိကာ တစ်ယောက်က အကြံအစည်များကို ချနိုင်သူဖြစ်သည်။ သူတို့နှစ်ဦးသာ သူ့ရန်သူဖြစ်လာခဲ့လျှင် အလွန်ဒုက္ခများပေလိမ့်မည်။

"ဝမ်ရယ် မနက်ဖြန် တန်းယန်ကို ပြန်မှာပါလား..."

မြင်းကို စီးနင်းလာသော တော်ဝင်သက်တော်စောင့်တစ်ဦးက မေးလာသည်။

တန်းယန်ဟာ ဟွိုက်နန်ဒေသ၏မြို့တော်ဖြစ်ပြီး ဖျင်ကျန်းနှင့် မနီးမဝေးအကွာအဝေးတွင် တည်ရှိသည်။

“မပြန်ဘူး.. မင်းဘာသာပဲ ပြန်ပြီး သတင်းပို့လိုက်.."

ကုဟွိုက်ချင်းက အကြောဆန့်ကာ ပြုံးလိုက်သည်။

The Wife Is First『 ဇနီးကသာ ပထမ 』Where stories live. Discover now