အပိုင်း ၅၁ ( U + Z )

6.6K 1.1K 49
                                    

[ Unicode ]

"လောင်ဟေးတောင်တန်းတွေက လီနှစ်ရာကျော်တောင် ရှည်လျားတယ်.. ပြီးတော့ ရှန်ကျင်းတောင်လမ်းကို ကျော်တာနဲ့ လီပေါင်းများစွာ ရှည်တဲ့ လမ်းကျဉ်းလေးတစ်ခုလည်း ရှိသေးတယ်.. တကယ်လို့ ရန်သူက အဲ့လမ်းမှာ စောင့်နေခဲ့ရင် ကျွန်တော်တို့စစ်တပ်က အဲ့လမ်းကို ဝင်လိုက်တာနဲ့ အိုးထဲကို ဝင်သွားမိတဲ့ လိပ်တစ်ကောင်လိုဖြစ်သွားလိမ့်မယ်... အဲ့လိုသာဖြစ်ခဲ့ရင် ဘယ်သူမှ ကျွန်တော်တို့ကို လာကယ်နိုင်မှာမဟုတ်ဘူး..."

မုဟန်ကျန်းက ကျင်းရှောင်၏တင်းခံနေမှုကို အချိန်ကိုက်ဝင်ပြောကာ ကျင်းရှောင်အား ကူညီလိုက်သည်။

"စစ်ရေးအကြံပေးပြောတာ မှန်ပါတယ်... ဒါပေမယ့် ကျားသွားတောင်ကြားက ရှန်ကျင်းတောင်ကြားထက် ပိုအန္တရာယ်များတယ်.. ရှီးနန်ဝမ်က အဲ့ဒီနေရာမှာ လူအယောက်တစ်ရာလောက်ပဲ ချထားလိုက်ဦးတော့ ကျုပ်တို့စစ်သည်ထောင်နဲ့ချီကို တားနိုင်ဖို့လုံလောက်တယ်..."

ကျောက်မုန့်က မျက်ခုံးများကို တွန့်ချိုးကာ ကျားသွား (သို့) ကြိုးကြာနှုတ်သီးတာင်ကြားရှိရာ နေရာကို ညွှန်ပြလိုက်သည်။

ကျင်းရှောင်က ကျားသွားတောင်ကြားကို ကျော်ဖြတ်ရန် နည်းလမ်းကို သိထားသော်လည်း ထိုနည်းလမ်းက အလွန်ကောင်းမွန်ပြီး တိကျလွန်းသည်။ သို့သော်လည်း ဘယ်သူမဆို ရှီးနန်ဒေသသို့ တစ်ခါမှမရောက်ဖူးသော လူတစ်ယောက်၏ပြောစကားကို ယုံကြည်ရန် ခက်ခဲပေလိမ့်မည်။ သူက မျက်မှောက်ကြုတ်လိုက်ကာ

"ဒီကိစ္စကို မနက်ဖြန်မှ ဆက်ဆွေးနွေးမယ်..!"

လူစုခွဲလိုက်ပြီးနောက် ကျင်းရှောင်က စင်မြင့်ပေါ်၌ မူလအတိုင်း ထိုင်ရင်း မျက်မှောင်ကြုတ်ကာ ရှီးနန်နယ်မြေ၏မြေပုံကို စိုးရိမ်တကြီး စိုက်ကြည့်နေခဲ့သည်။ ယခုဘဝ၌ တစ်ဖန်ပြန်လည်ရှင်သန်ပြီး အနာဂတ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာကို သိနေသော်လည်း ထုတ်ပြောလို့မရခြင်းက တကယ်ကို ဒေါသထွက်စရာကောင်းသည်။ သူက ခပ်ဖွဖွသက်ပြင်းချလိုက်သည်။ တကယ်လို့ လုံးဝမဖြစ်နိုင်ဘူးဆိုရင်တော့လည်း တခြားလူတွေကို မနက်ဖြန် စစ်တပ်နဲ့အတူ ရှန်ကျင်းတောင်ကြားကို သွားခိုင်းပြီး သူကတော့ ကိုယ်တိုင်ပဲ ဖြတ်လတ်ပေါ့ပါးတဲ့ မြင်းတပ်သားတွေကို ဦးဆောင်ပြီး ကျားသွားတောင်ကြားကို တိုက်ခိုက်လိုက်တော့မည်။

The Wife Is First『 ဇနီးကသာ ပထမ 』Donde viven las historias. Descúbrelo ahora