အတွဲ ၃ - အပိုင်း ၇၀ ( U + Z )

1.3K 181 4
                                    

[ Unicode ]

မြင်းလှည်း၏ကန့်လန့်ကာစကို မတင်လိုက်သည်နှင့် စုန့်လင်ရှင်းက ရှေ့သို့ ထွက်လာပြီး ဦးညွှတ်နှုတ်ဆက်လေသည်။

"ကျွန်တော်မျိုးမ ဝမ်ရယ်ကို ကြိုဆို.... အား..!"

သူမရဲ့စကားမဆုံးခင် အတွင်းထဲမှ ရုတ်တရက် ပြေးထွက်လာသော ကျားငယ်လေးကြောင့် စုန့်လင်ရှင်းဟာ လန့်သွားပြီး စူးစူးရှရှအော်ဟစ်လိုက်သည်။

ထိုအော်သံက ရှောင်ဟွမ်ကို ထိတ်လန့်သွားစေခဲ့ပြီး သူက စုန့်လင်ရှင်းကို မကျေမနပ်ဖြင့် ပြန်လည်ဟိန်းဟောက်လိုက်သည်။ ကောရော့ယိက ကျားငယ်ကို ကောက်ပွေ့လိုက်ပြီး ဘေးတွင် ရပ်လိုက်သည်။

"ဘာတွေဆူညံနေတာလဲ...?"

ကျင်းရှောင်က မြင်းလှည်းထဲမှ ထွက်လာသည်။ သူက မြင်းလှည်းပေါ်မှ ခုန်ဆင်းလိုက်ပြီး ဘေးတွင်ရပ်နေသော အမျိုးသမီးကို တစ်ချက်ကြည့်ကာ မြင်းလှည်းပေါ်မှလူကို ဆင်းလာနိုင်ရန် လက်ကမ်းပေးလိုက်သည်။

မုဟန်ကျန်းက နီလာရောင်ဝတ်စုံပေါ်၌ ပိတ်ကျဲစဝတ်ရုံပါးကို ထပ်ကာ ဝတ်ဆင်ထားသည်။ ခေါင်းပေါ်တွင်တော့ နီလာများဖြင့်စီခြယ်ထားသော ရွှေသရဖူကို ဝတ်ဆင်ထားသဖြင့် ပို၍ပင် မြင့်မြတ်ကာ ကျက်သရေရှိသော အသွင်ကို ဆောင်နေသည်။ ယခင်က ရှိခဲ့သော စိုးရိမ်ကြောင့်ကြမှုများကလည်း တိုက်ပွဲ၌ ရရှိခဲ့သော အတွေ့အကြုံများကြောင့် ပျောက်ပြယ်သွားခဲ့ပြီဖြစ်သည်။ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကလည်း ဓားအိမ်မှဆွဲထုတ်လိုက်သော ဟန်ကျန်းရတနာဓားကဲ့သို့ အရှိန်အဝါအပြည့် တောက်ပမှုအပြည့်ဖြင့် လူတိုင်း၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

အိမ်တော်မှအစေခံများသည်လည်း အံ့အားသင့်သွားခဲ့ကြသည်။ မြောင်ရှီက ကျီရှီအား ပြောလိုက်သည်။

"ဝမ်ဖေးက ပိုပိုပြီး ချောလာလိုက်တာ..."

"ဝမ်ဖေးပြန်အလာကို ကျွန်တော်တို့ စောင့်မျှော်နေခဲ့တာပါ...!"

ယွင်ကျူးက အနားသို့ရောက်လာပြီး အလွန်စိတ်လှုပ်ရှားစွာ ပြောလာသည်။

The Wife Is First『 ဇနီးကသာ ပထမ 』Where stories live. Discover now