အပိုင်း ၄၂ ( U + Z )

6.3K 1.3K 46
                                    

[ Unicode ]

"ရှောင်ဟေးကလား…?"

ကျင်းရှောင်၏စိတ်အစဉ်ဟာ ဗလာဖြစ်သွားပြီး သူက ပန်းကန်နှင့်တူကို ချကာ ပြေးထွက်သွားလေသည်။

'မနေ့ညကတောင် ရှောင်ဟေးက အကောင်းကြီးပါ… ဘယ်လိုဖြစ်ပြီး ဒီမနက်ကျမှ ချက်ချင်းနေမကောင်းဖြစ်သွားရတာလဲ…?'

"ဝမ်ရယ်…!"

မုဟန်ကျန်းက ကျင်းရှောင်၏တစ်ဝက်တစ်ပျက်ဆန်ပြုတ်ပန်းကန်ကို ကြည့်ပြီး အကူအညီမဲ့စွာ သက်ပြင်းချလိုက်ပြီး မြင်းဇောင်းသို့ လိုက်သွားလိုက်သည်။

“Neigh…”

ရှောင်ဟေးက မြင်းဇောင်းထဲ၌ ဒေါသတကြီး ဟီသံပေးနေခဲ့သည်။ ခွက်ထဲမှ မြင်းစာများဟာ မြေပြင်ပေါ်၌ ပြန့်ကျဲနေပြီး ရှောင်ဟေး၏ခွာအောက်သို့ ရောက်နေကြသည်။ မြင်းထိန်းက ဗိုက်ကို ကိုင်ကာ ဒူးထောက်ထိုင်နေသည်။ ကြည့်ရတာတော့ ရှောင်ဟေးက သူ့ကို ကန်လိုက်တဲ့ပုံပင်။

'ဒီလောက်သန်မာနေတာ ဘယ်နားက နေမကောင်းတာလဲ…?'

ကျင်းရှောင်က ရှောင်ဟေးကို ထိန်းရန် ကြိုးပမ်းနေကြသော စစ်သည်များကို ဘေးသို့ ဖယ်စေလိုက်သည်။ သူက သစ်သားတိုင်ကို ပေါ့ပေါ့ပါးပါး ကန်လိုက်ပြီး မြင်းရဲ့ကျောပေါ်ကို ခုန်တက်လိုက်ကာ ရှောင်ဟေး၏ဇက်ကြိုးကို ဖမ်းဆွဲလိုက်သည်။

"Neigh ~"

ရှောင်ဟေးက ချက်ချင်းထရပ်လိုက်ပြီး ဟီလေတော့သည်။ သူရဲ့သခင်ရောက်လာတာကို သိပြီးနောက်မှာတော့ သူက ဟိုဘက်ဒီဘက်ခါယမ်းနေခြင်းကို ရပ်လိုက်ပြီး လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။ သို့ပေမယ့် ခွာများကိုတော့ မြေပြင်ပေါ်သို့ ဆောင့်နေဆဲဖြစ်သည်။

"ကျွင်းချင် မလာသေးနဲ့အုံး…"

ရှောင်ဟေးက ဒေါသကြောင့် စိတ်မထိန်းနိုင်ဘဲ မုဟန်ကျန်းကို ထိခိုက်စေမည်ကို စိုးရိမ်သဖြင့် ကျင်းရှောင်က အနားသို့ ကယ်လာနေသည့် မုဟန်ကျန်းအား အလျင်အမြန် တားဆီးလိုက်သည်။

The Wife Is First『 ဇနီးကသာ ပထမ 』Where stories live. Discover now