အပိုင်း ၅၃ ( U + Z )

6.4K 1.2K 53
                                    

[ Unicode ]

"ခဏလေး..!"

မုဟန်ကျန်းက ညာလက်ရုံးစစ်သူကြီးအား အလျင်အမြန် ဟန့်တားကာ ပြောလိုက်သည်။

"တပ်စခန်းတဝိုက်မှာ မြင်းတွေကို လဲအောင်လုပ်နိုင်တဲ့ ကြိုးတွေဆင်ထားဖို့ ကျွန်တော် တခြားလူတွေကို အမိန့်ပေးထားပြီးသား.. စစ်သည်တွေကို သစ်သားတိုင်တွေကြားမှာ ကြိုးတွေအမြန်ချည်ခိုင်းလိုက်ပါ..."

ညာလက်ရုံးစစ်သူကြီးက ခဏမျှ အံ့အားသင့်သွားလေသည်။ ထို့နောက်မှာတော့ သူက တဲထဲမှ အမြန်ပြေးထွက်သွားတော့သည်။

မုဟန်ကျန်းက ဘယ်လက်ရုံးစစ်သူကြီးဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ခြေလျင်တပ်က မြင်းတပ်ကို ဘယ်လိုလုပ်ရင် အနိုင်ယူနိုင်လောက်မလဲ.. ?"

ဘယ်လက်ရုံးစစ်သူကြီးက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"မြင်းတပ်သားတွေက အရှိန်အဟုန်တစ်ခုကိုပဲ အားထားတယ်... ဒါကြောင့် ခြေလျင်တပ်သားသုံးယောက်သာဆိုရင် မြင်းတပ်သားတစ်ယောက်ကို နိုင်နိုင်ခြေရှိတယ်..."

မုဟန်ကျန်းက ထိုစကားကိုကြားသောအခါ ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။

"အရေအတွက်အရဆိုရင် ကျွန်တော်တို့မှာ လူတွေအများကြီးရှိပေမယ့် ရန်သူတပ်တွေက စခန်းကို ရုတ်တရက်ကြီး လာတိုက်ခိုက်ကြတာ.. ဒါပေမယ့်လည်း ကျွန်တော်တို့ ထိတ်လန့်သွားစရာမလိုပါဘူး... ညာလက်ရုံးစစ်သူကြီးက စိတ်မြန်တယ်.. အဲ့တော့ စစ်သူကြီးရဲ့တပ်တွေကို အမြန်ဖြန့်ကျက်ပြီး အရပ်မျက်နှာတိုင်းကို အကာအကွယ်ချလိုက်ပါ.. ပြီးတော့ တပ်တွေကို ကြိုးတွေရဲ့နောက်မှာ နေရာချထားလိုက်.. တပ်စခန်းက စတုရန်းပုံစံရှိပြီး ဘေးတစ်ဖက်တစ်ချက်စီက ၁၆၅ မီတာရှည်တယ်..."

ဘယ်လက်ရုံးစစ်သူကြီးက အရိုအသေပေးကာ ပြောလိုက်သည်။

"ကောင်းပါပြီ...!"

ကျောက်မုန့်၏စစ်သည်များဟာ ရှန်ကျင်းတောင်ကြားသို့ ဝင်ဝင်ခြင်းမှာပဲ အထိနာခဲ့ကြသည်။ ခြေလျင်တပ်သားအမြောက်အများက ဓားကောက်များကို ကိုင်ဆောင်ကာ တောင်များပေါ်မှ ပြေးဆင်းလာကြပြီး မြင်းခွာများကို ဖြတ်တောက်ကြသည်။ ၎င်းက ကျောက်မုန့်၏စစ်သည်များကို ရွေးချယ်စရာမရှိဘဲ ခြေလျင်ချီတက်ကာ တိုက်ခိုက်ရစေသည်။ မထင်မှတ်ပဲ ဒီလမ်း၌ မြို့စောင့်တပ်များကို များစွာချထားရုံသာမက နေရာတိုင်းတွင်လည်း အန္တရာယ်များအပြည့်ပင်။ တောင်စောင်းမှ လိမ့်ဆင်းလာသော ကျောက်တုံးများ၊ ထောင်ချောက်များနှင့် လှံများကြောင့် သူတို့ဟာ တစ်လျှောက်လုံး အတော်အထိနာခဲ့ကြသည်။

The Wife Is First『 ဇနီးကသာ ပထမ 』Where stories live. Discover now