အပိုင်း ၆ ( Zawgyi )

8.9K 758 21
                                    

[ Zawgyi Ver: ]

“ကောကော..!”

လက်ဖက်ရည်ဧည့်ခံဆောင်နားသို့ ရောက်လာလေလေ ကျင်းရှောင်၏စိတ်ဟာလည်း ပိုလှုပ်ရှားလာခဲ့သည်။ သူက ခြေလှမ်းကို ပိုမြန်လိုက်လေ၏။ အခန်းထဲသို့ မဝင်ရသေးခင်မှာပဲ သူက အခန်းထဲမှလူ၏နာမည်ကို လှမ်းခေါ်လိုက်သည်။

ကျင်းချန်က လက်ဖက်ရည်ပန်းကန်ကို ချပြီး မျက်မှောင်ကြုတ်လိုက်သည်။ ကျင်းရှောင်က အခန်းထဲသို့ အလျင်အမြန် ဝင်ချလာတာကို မြင်လိုက်ချိန်မှာတော့ သူက ဆူလိုက်သည်။

“လက်ထပ်ပြီးသွားတာတောင် စိတ်က မြန်နေတုန်းပဲ… ဒီတိုင်းဖြစ်နေရင် နောက်ဆိုဘယ်လိုလုပ်မလဲ…!” 

ကျင်းရှောင်ဟာ သူ့ရဲ့ပျော်မြူးနေသော စိတ်ကို ချိုးနှိမ်ကာ ရပ်လိုက်ပြီး ခေါင်းခါကာ ပြုံးပြလိုက်သည်။ ငယ်စဉ်ကတည်းက သူဟာ အစ်ကိုတော်၏ဆူပူခြင်းနှင့် နေသားကျနေခဲ့ပြီး ယခုလို ထိုအသံကို ပြန်ကြားလိုက်ရချိန်မှာ သူဟာ အစ်ကိုတော်ဆီကို အပြေးသွားချင်ခဲ့မိသည်။ သို့ပေမယ့် ဒီအတိုင်းဆက်သွားနေလို့မရဘူးဆိုသော စကားကို ကြားချိန်မှာတော့ နှိုင်းယှဉ်၍ပင်မရသော ခံစားချက်များက နှလုံးသားထဲတွင် ပေါက်ဖွားလာတော့သည်။

ပြီးတော့ ယခုအချိန်ကနေစပြီး အစ်ကိုတော်က သူ့ကို အချိန်တွေအကြာကြီးဆူပူနိုင်ပါစေလို့သာ ဆုတောင်းမိလေ၏။ အခန်းထဲသို့ဝင်သွားလိုက်ချိန်မှာ အစ်ကိုတော်က မျက်မှောင်ကြုတ်နေတာကို မြင်ပြီး ကျင်းရှောင်ဟာ မနေနိုင်ပဲ ပြုံးလိုက်မိသည်။ ထို့နောက် သူက အစ်ကိုတော်နှင့် မရီးဆီသို့ လျှောက်သွားကာ ဂါရဝပြုလိုက်၏။

“အစ်မတော်…”

ကျင်းချန်၏ဘေးတွင် ထိုင်နေသော ကျင်းရှောင်၏မရီးကြင်ယာတော်ရှောင်းက မတ်တပ်ထကာ ပြန်နှုတ်ဆက်လေသည်။ ကျင်းချန်က အေးစက်စက်လုပ်နေကာ စကားမပြောတာကြောင့် သူမက ပြုံးရင်း ပြောလာသည်။

“နဂိုကတော့ လာမလို့မဟုတ်ပါဘူး… ဒါပေမယ့် ဝမ်ရယ်က နေမကောင်းဖြစ်ပြီး ညီလာခံတောင် မတက်နိုင်ဘူးဆိုတော့ မင်းရဲ့အစ်ကိုက စိုးရိမ်ပြီး အစ်မကိုပါ တစ်ပါတည်း ခေါ်လာတာ…”

The Wife Is First『 ဇနီးကသာ ပထမ 』Where stories live. Discover now