အပိုင်း ၅ ( U + Z )

18.8K 2.2K 67
                                    

[ Unicode ]

ကွာရှင်းမယ်..?

ကျင်းရှောင်ဟာ ကြက်သေသေသွားလေ၏။ ခဏအကြာမှာတော့ အသိပြန်ဝင်လာကာ

“မင်းက ယောကျ်ားလေးဆိုတော့ ကွာရှင်းလိုက်လည်း ဂုဏ်သတင်းမထိခိုက်ဘူးဆိုတာတော့ ဟုတ်ပါတယ်... ဒါပေမယ့် တစ်ခါကွာရှင်းပြီးသား လူတစ်ယောက်ဖြစ်တာကြောင့် အမှုထမ်းစာမေးပွဲကို ဖြေခွင့်ရမှာမဟုတ်တော့ဘူးလေ... ဒါကြောင့် ကိုယ် မင်းကို လက်လွှတ်ပေးလိုက်ရင်တောင် ဒီဘဝမှာတော့ မင်း အမှုထမ်းစာမေးပွဲကို ဖြေခွင့်ရှိတော့မှာမဟုတ်ဘူး...”

“ဒါဆို ဝမ်ရယ်က ဘာလိုချင်တာပါလဲ..?”

မုဟန်ကျန်းက ထထိုင်လိုက်ပြီး ကျင်းရှောင်ကို အေးစက်စက်ကြည့်လိုက်သည်။

'တကယ်လို့များ ဒီလူက သူ့ကို နှိပ်စက်ဖို့သပ်သပ်အတွက် ခေါ်ထားချင်သေးတယ်ဆိုရင်တော့ သူ လုံးဝ သည်းခံမှာမဟုတ်ဘူး..'

“ကိုယ်က ထီးနန်းဆက်ခံလို့မရဘူး ပြီးတော့ မင်းကလည်း နန်းတွင်းစာမေးပွဲကို ဖြေလို့မရဘူး... ဒါကြောင့် ကိုယ်တို့ ကြေပြီပေါ့...”

ကျင်းရှောင်က ခပ်တည်တည်ပဲ အလွန်အမင်းဖြောင့်မတ်ဟန်ပေါက်သော လေသံဖြင့် ပြောလိုက်၏။

“… အာ?”

မုဟန်ကျန်းက အချိန်အတော်ကြာ အံ့အားသင့်သွားခဲ့သည်။ အေးစက်စက်ဖြစ်နေခဲ့တဲ့ မုဟန်ကျန်း၏မျက်နှာက အနည်းငယ်ပျော့ပြောင်းသွားပြီး ပါးစပ်ကလေးပင် ဟသွားကာ ဘာပြောရမှန်းမသိဖြစ်သွားလေသည်။

'လည်ပင်းညှစ်ပြီး မြေပြင်ပေါ်ကို ပြစ်ချခံလိုက်ရတယ်ထင်ပေမယ့် တကယ်တမ်းကျတော့ နူးညံ့တဲ့ ဖဲမွှေ့ရာပေါ်ကို ကျသွားရသလိုပဲ...'

ကျင်းရှောင်က မုဟန်ကျန်း၏တအံ့တသြဖြစ်နေသော မျက်နှာအမူအရာကို မြင်ပြီး ရယ်ချင်လာကာ မုဟန်ကျန်း၏ပါးကို လက်ချောင်းများဖြင့် ထိကြည့်ရန် လုပ်လိုက်သည်။ သို့ပေမယ့် သူမထိလိုက်ရသေးခင်မှာပဲ အပြင်မှ အသံတစ်ခုထွက်ပေါ်လာခဲ့သည်။

The Wife Is First『 ဇနီးကသာ ပထမ 』Hikayelerin yaşadığı yer. Şimdi keşfedin