အပိုင်း ၂၂ ( U + Z )

12.9K 2K 123
                                    

[ Unicode ]

တကယ့်ပြဿနာက ထိုအစေခံများ၌ ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် ဒီကိစ္စဟာ ကိုယ်လုပ်တော်တစ်ယောက်က မျက်နှာသာပေးမှုကို ရလို၍ ကြံစည်ခြင်းဆိုတာထက်ကို ပိုသွားပြီဖြစ်သည်။

ကျင်းရှောင်က မြေကြီးပေါ်၌ ဒူးထောက်နေသော ကိုယ်လုပ်တော်လီကို အေးစက်စွာ ကြည့်လိုက်သည်။ အမျိုးသားကြင်ယာတော်က အိမ်တော်ထဲသို့ ရောက်လာချိန်၌ ကိုယ်လုပ်တော်မှ ပထမဆုံးမွေးသော သားယောကျ်ားလေးဟာ သားအကြီးဆုံးဖြစ်ပါသော်လည်း တရားမဝင်တော့ပေ။ သို့ပေမယ့် ထိုသားက မိသားစုဘွဲ့အမည်ကို ဆက်ခံ၍မရရင်တောင်မှ မိသားစုပိုင်ပစ္စည်းဥစ္စာအမြောက်အများကိုတော့ ဆက်ခံခွင့်ရှိသည်။ ထို့ကြောင့် ကိုယ်လုပ်တော်များက ယခုကဲ့သို့ ဆန္ဒစောနေရခြင်းမှာလည်း အထူးအဆန်းတော့ မဟုတ်ပေ။ သို့ပေမယ့် သူတို့ဟာ အချက်တစ်ချက်ကိုတော့ မေ့လျော့နေကြပုံပင်။ အဲ့တာက စိတ်ကြွဆေးဟာ ဝမ်ရယ်တင်မကဘဲ အမျိုးသားတစ်ယောက်ဖြစ်သော ဝမ်ဖေးကိုပါ အကျိုးသက်ရောက်စေနိုင်သည်ဆိုတာကိုပင်။ ထိုအကြောင်းကို စဉ်းစားပြီးနောက် သူတို့က စိတ်ထဲတွင် တိတ်တဆိတ်ဝမ်းသာသွားကြသည်။

"သောဖူ အိမ်တော်ရဲ့စည်းမျဉ်းအရ ဒီကိစ္စကို ဘယ်လိုစီရင်သင့်သလဲ...?"

မုဟန်ကျန်းက ကျင်းရှောင်၏ဘေးတွင် ထိုင်နေရင်း စဉ်းစားလိုက်သည်။ ဒီအိမ်တော်မှာရှိတဲ့ ကိုယ်လုပ်တော်တွေက တကယ်ကို လုပ်ရဲကိုင်ရဲတွေပဲ။ ပေဝေ့အမတ်ကြီး၏စံအိမ်မှာပင် ယခုလိုကိစ္စမျိုးကို တွေ့ရခဲလှသည်။

"ဝမ်ဖေးကို ပြန်လည်ဖြေကြားပါတယ်... ကိုယ်လုပ်တော်တွေက စိတ်ကြွဆေးကို တိတ်တဆိတ်အသုံးပြုဖို့ ကြံစည်ရင် သူတို့ရမယ့် အပြစ်ဒဏ်က မသေမချင်းတုတ်နဲ့အရိုက်ခံရမှာပါ..."

သောဖူက ပေါက်စီပုံမျက်နှာကို ရှုံ့တွကာ ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။ ဒီစည်းမျဉ်းကို စုန့်ဖူးရန်က ချမှတ်ထားခြင်းဖြစ်သည်။ ယခင်စည်းမျဉ်းက ဘုန်းတော်ကြီးကျောင်းသို့ သီလရှင်ဝတ်ရန် ပို့ခံရခြင်းလောက်သာဖြစ်သည်။

The Wife Is First『 ဇနီးကသာ ပထမ 』Where stories live. Discover now