အပိုင်း ၂၃ ( U + Z )

12.2K 2K 66
                                    

[ Unicode ]

"နန်းတော်ထဲမှာ လုပ်စရာကိစ္စတွေ အများကြီးရှိတယ်လေ… ပြီးတော့ ခမည်းတော်ဧကရာဇ်က ဝမ်ရယ်ကို အပြစ်ပေးထားတာမဟုတ်လား… အဲ့လိုသာဆိုရင် လူအများရှုတ်ချစရာဖြစ်မနေဘူးလား…"

မုဟန်ကျန်းက သက်ပြင်းချလိုက်ပြီး ရင်ခွင်ထဲမှလူကို တွန်းထုတ်လိုက်ကာ စာရင်းစာအုပ်ကို နောက်တစ်ကြိမ်ပြန်ကြည့်ရန် ကောက်ယူလိုက်သည်။
 
ကျင်းရှောင်က မုဟန်ကျန်းတွန်းလိုက်သည့်အတိုင်း နူးညံ့သော ညောင်စောင်းပေါ်သို့ လဲှချလိုက်သည်။

“ခမည်းတော်က ကိုယ့်ကို စစ်ရေးဗျူဟာကို ဆယ်ကြိမ်တောင်မှ ကူးခိုင်းတာလေ ကိုယ်အမြန်ကူးရင်တောင်မှ ပြီးဖို့က တစ်လလောက်အချိန်ယူရမယ်… အဲ့ဒီအချိန်အတွင်းမှာ ကိုယ်တို့က အိမ်ထဲမှာဘဲ အချိန်ပြည့်တံခါးပိတ်နေလို့မရဘူးမလား…?”

မုဟန်ကျန်းက ကျင်းရှောင်ကို တစ်ချက်ကြည့်လိုက်ကာ မကြားလိုက်သလိုဟန်ဆောင်ပြီး စစ်ဆေးနေသော စာရင်းစာအုပ်ကို ဘေးသို့တင်ကာ အိမ်တော်ထဲ၌ နေထိုင်ကြသူများ၏အမည်များကို မှတ်သားထားသော စာအုပ်ကို ယူကြည့်လိုက်ကာ

“ကျွန်တော့်မှာ ဝမ်ရယ်ရဲ့ထင်မြင်ချက်ကို မေးချင်တဲ့ ကိစ္စတစ်ခုရှိတယ်… 

ကိုယ်လုပ်တော်လီက စွပ်ပြုတ်ထဲကို ဆေးခပ်သည့်ကိစ္စအား ဖြေရှင်းပြီးပြီဖြစ်သော်လည်း ထိုဆေးဘယ်ကရောက်လာသည်ဆိုတာကိုတော့ ဒီနေ့မှသာ သူဟာ စဉ်းစားမိခဲ့သည်။ ဒီကိစ္စ၌ ပါဝင်ခဲ့ကြသော အစေခံတစ်ဦးချင်းစီ၏အမည်များကို စာအုပ်တစ်အုပ်ထဲ၌ မှတ်သားထားပြီး ထိုအထဲတွင် တစ်ယောက်တည်းသာလျှင် ထူးခြားနေသည်။

“ကိုယ်လုပ်တော်ယန်လား…?”

ကျင်းရှောင်က ထိုနာမည်ကို ကြားပြီးနောက် မျက်မှောင်ကြုတ်လိုက်ကာ

“ပထမဆုံး ဒီကိစ္စကို ခဏထားလိုက်အုံး… သုံးရက်လောက်စောင့်ပြီး မင်းသား၁စစ်ထွက်သွားတဲ့အချိန်ကျမှ ဒီကိစ္စကို ကိုင်တွယ်ကြတာပေါ့…”

The Wife Is First『 ဇနီးကသာ ပထမ 』Where stories live. Discover now