အပိုင်း ၁၅ ( U + Z )

13.3K 2.2K 152
                                    

[ Unicode ]

ကျင်းရှောင်တို့နှစ်ယောက်ဟာ တစ်နေ့လုံးအပြင်မှာ လျှောက်သွားပြီးကာမှ အိမ်တော်သို့ ပြန်လာကြသည်။ သူတို့နှစ်ယောက်ပြန်လာချိန်မှာတော့ မှောင်နေပြီဖြစ်ပြီး ညစာစားချိန်တောင် ကျော်သွားလေပြီ။ အမျိုးသမီးများက အနောက်ခြံဝန်းတွင် နေထိုင်ကြတာကြောင့် သူတို့က ခြံဝန်းတံခါးကို အရှေ့ခြံဝန်းထက်စောကာ ပိတ်လေ့ရှိသည်။ ထို့ကြောင့် မုဟန်ကျန်းက ကိုယ်လုပ်တော်အချို့ ညနေခင်းလာရောက်ဂါရဝပြုအပြီးမှာ အနောက်ခြံဝန်းကို သော့ခတ်ဖို့နှောင့်နှေးခြင်းမရှိစေရန် ပြန်လွှတ်လိုက်လေသည်။

ကန့်လန့်ကာနောက်တွင် ရေပူထည့်ထားသော ရေချိုးစည်ပိုင်းကို ပြင်ဆင်ထားပြီး ထိုရေပူထဲတွင် နိုင်ငံရပ်ခြားမှ လက်ဆောင်ပဏ္ဍာအဖြစ်ပေးသော အမွှေးဆီများကို ထည့်ထားသည်။ လတ်ဆက်သော မက်မွန်ပွင့်ဖတ်များက ရေပေါ်တွင် ပေါလောပေါ်နေကြသည်။

မုဟန်ကျန်းက ကျင်းရှောင် အဝတ်အစားများကိုချွတ်ပြီး ရေချိုးရန် ပြင်ဆင်နေတာကို မြင်လိုက်သည်။ သူက စာအုပ်တစ်အုပ်ကို ကောက်ကိုင်ကာ လျို့ဟန်ညောင်စောင်းပေါ်တွင် ထိုင်လိုက်ပြီး ကျင်းရှောင်ရေချိုးပြီးမှ ရေချိုးရန် လုပ်လိုက်သည်။ သို့ပေမယ့် ကျင်းရှောင်က ပြောလာ၏။

"ကျွင်းချင်... ဒီနေ့ မင်း ကိုယ့်ကို မြေကြီးပေါ်ပြုတ်ကျအောင် လုပ်လိုက်တာ ကိုယ့်တင်ပါးတွေဆို အခုထိတောင် နာနေတုန်းပဲ..."

"ကျွန်တော်..."

ယနေ့ဖြစ်ပျက်ခဲ့သော ကိစ္စများကို ပြန်လည်အမှတ်ရသွားတာကြောင့် မုဟန်ကျန်း၏မျက်နှာဟာ တဖန်နီရဲလာပြန်သည်။

'နေ့လည်ကိစ္စအတွက် တောင်းပန်ပြီးပြီဟာကို အခုချိန်ထိ ဘာလို့ခွင့်မလွှတ်နိုင်သေးတာလဲ...?'

"လူတစ်ယောက်ကို တောင်းပန်ရင် စိတ်ရင်းနဲ့တောင်းပန်သင့်တယ်..."

ကျင်းရှောင်က မုဟန်ကျန်း၏လက်ကို ဆွဲကာ ကန့်လန့်ကာနောက်သို့ ဆွဲခေါ်လာပြီး

"ကိုယ်ဒဏ်ရာရထားတယ်... ရေချိုးဖို့ကူညီပေး..."

မုဟန်ကျန်းက သူ့ကို မျက်လုံးဝိုင်းကြီးများဖြင့် ပြန်ကြည့်လာသည်။

The Wife Is First『 ဇနီးကသာ ပထမ 』Where stories live. Discover now