အပိုင်း ၄၈ ( U + Z )

6.5K 1.2K 34
                                    

[ Unicode ]

မုဟန်ကျန်းက ကျင်းရှောင်ကို နှစ်ရာရီနီးပါး စောင့်ဆိုင်းပြီးနောက်မှာ ကျင်းရှောင်က သူ့ဆီကို စိတ်ပျက်လက်ပျက်ပြန်လာသည်အား တွေ့လိုက်ရသည်။

"ဘယ်လိုလဲ… နားမချနိုင်ခဲ့ဘူးလား..?"

မုဟန်ကျန်းက ကျင်းရှောင်၏ရှေ့သို့ ထမင်းတစ်ပန်းကန်အား တွန်းပေးလိုက်ပြီး စားပွဲထိုးအား နောက်ထပ်ဟင်းပူပူနှစ်ပွဲကို ထပ်မှာလိုက်သည်။

ဟောင်တာ့တောင်းကို တွေ့လိုက်ရသည့်အခါမှာ ကျင်းရှောင်ဟာ အလွန်ဝမ်းသာသွားပြီး ထိုလူကို သူနဲ့အတူလိုက်လာစေရန် နားချချင်ခဲ့သည်။ မထင်မှတ်ထားဘဲ ထိုလူက အသားလွှာရဦးမည်ဟုဆိုကာ ကျင်းရှောင်ကိုတော့ နောက်မှ စကားပြောကြမည်ဟု ဆိုလာသည်။ နွေလယ်ဖြစ်တာကြောင့် နေ့လည်ပိုင်းနေက ကျဲကျဲတောက်ပူနေသည်။ သူ့ရဲ့ဝမ်ဖေးပူနေမှာကို စိုးရိမ်တာကြောင့် ကျင်းရှောင်ဟာ မုဟန်ကျန်းအား တည်းခိုခန်း၌ စောင့်ခိုင်းခဲ့ကာ သူကတော့ ဟောင်တာ့တောင်းနှင့် လေးလေးနက်နက် စကားပြောနိုင်ရန် နှစ်နာရီနီးပါး စောင့်ဆိုင်းခဲ့သည်။ မူလကတော့ သူဟာ တစ်ဖက်လူ၏အကြောင်းကို ကောင်းစွာနားလည်သည်ဟု ထင်မှတ်ခဲ့မိသည် - ထိုသူဟာ သိုင်းပညာတွင်ရော စစ်မက်ရေးရာတွင်ပါ ထူးချွန်ထက်မြက်သော စွမ်းရည်များကို ပိုင်ဆိုင်ထားသည့် နာမည်ကျော်ကြားသော စစ်သူကြီးတစ်ဦး၏မျိုးနွယ်ဖြစ်တာကြောင့် သူ့အတွက်တော့ ဒီလိုတောင်ခြေမှရွာသေးသေးလေး၌ ဝက်သားရောင်းရသည့် အလုပ်က စိတ်ညစ်ညူးစရာဖြစ်နေပေလိမ့်မည်။ သို့ပေမယ့် ကျင်းရှောင်၏ရှင်းလင်းပြတ်သားသော ရည်ရွယ်ချက်ဟာ တဖက်လူထံမှ "ဘာတွေလာရှုပ်နေတာလဲ" ဆိုသော အမူအရာဖြင့် တုံ့ပြန်ခံလိုက်ရလိမ့်မယ်လို့တော့ မထင်ထားခဲ့ပေ။

“ဝက်သားပေါ်၊ အသားရောင်းတာနဲ့တင် ကျုပ်ဘဝက အရမ်းအဆင်ပြေတယ်… စစ်မြေပြင်ကို သွားပြီး ကိုယ့်အသက်ကို စွန့်ရမယ့် ကိစ္စမျိုး ကျုပ်က ဘာလို့လုပ်ရမှာလဲ….? မသွားဘူး… မသွားဘူး…!"

ဟောင်တာ့တောင်းက ထိုသို့ပြောပြီး ကျင်းရှောင်ကို ဝက်သားဆိုင်ထဲမှ မောင်းထုတ်လိုက်သည်။

The Wife Is First『 ဇနီးကသာ ပထမ 』Where stories live. Discover now