အပိုင်း ၄ ( U + Z )

15.6K 1.6K 22
                                    

[ Unicode ]

ယခုလိုခံစားချက်များ ပျော်ဝင်နေသည် လှပသော မျက်ဝန်းနက်တွေက ယခင်က အသက်မဲ့နေသော မျက်ဝန်းများထက်စာရင် ကျွင်းချင်ကို ပိုပြီး ထက်မြက်ပုံပေါ်စေသည်။ ကျွင်းချင်က ပြုံးခဲတာကြောင့် သိပ်ပြီး တွန့်ဆုတ်ကြောက်ရွံ့မနေရန် ကျင်းရှောင်ဟာ ပြောလိုက်ချင်သည်။

သို့သော်လည်း အတိတ်အချိန်များကို ပြန်စဉ်းစားကြည့်ပါက ယခင်ဘဝတုန်းက ကျွင်းချင်ပြောသမျှကို နားမထောင်ခဲ့သူမှာ သူကိုယ်တိုင်သာဖြစ်သည်။ မောက်မာပြီး စိတ်ကြီးဝင်ကာ လူတိုင်းကို သူ့လက်ခုပ်ထဲတွင်သာရှိသည်ဟု အထင်မှားကာ နောက်ဆုံးမှာတော့ ဆိုးရွားသော အဆုံးသတ်နဲ့သာ ကြုံတွေ့ခဲ့ရသည်။ ဒါ့အပြင် ရေနစ်သူဝါးကူထိုးတတ်သည်မှာ လူ့သဘာဝပင်။ သူက ပြုံးလိုက်မိသည်။

"အရှင့်သား... နန်းတော်ဝင်ပေါက်ကို ရောက်ပါပြီ..."

မိန်းမစိုးချွင်းရှီက ကန့်လန့်ကာကို တစ်ဝက်ဖွင့်ကာ ယဉ်ကျေးစွာ ပြောကြားပြီးနောက် ပြန်ပိတ်သွားခဲ့သည်။ ပုံမှန်ဆိုလျှင်တော့ သူတို့ဟာ နန်းတွင်းသို့ ဝေါယာဉ်ဖြင့် ဝင်ခွင့်ရှိသည်။ သို့သော်လည်း ယနေ့မှာတော့ မိဖုရားခေါင်ကြီးကို တရားဝင်ဂါရဝပြုဖို့ရာ လာခဲ့တာဖြစ်တာကြောင့် ဝင်ပေါက်တွင် နန်းတော်မှ ဝေါယာဉ်ကို ပြောင်းလဲစီးနင်းရမည်ဖြစ်သည်။ နန်းတော်မှအစေခံများက ဝေါယာဉ်၏လေးဘက်လေးတန်တွင် ခြံရံကာ လိုက်ပါလာခြင်းကြောင့် ဝေါယာဉ်အတွင်းမှ လူနှစ်ယောက်သည်လည်း စကားမပြောဖြစ်ကြတော့ပေ။

မနက်ခင်းညီလာခံအပြီးတွင် ဧကရာဇ်ဟုန်ကျန့်က မိဖုရားကြီး၏နန်းဆောင်ကို သွားရောက်ပြီး မိဖုရားကြီးနှင့်အတူတကွ အဓိကနန်းဆောင်၌ အသစ်စက်စက်သတို့သားနှင့် ကြင်ယာတော်ကို စောင့်နေကြသည်။ သက်တော်လေးဆယ်အရွယ်ရှိပြီဖြစ်သော ဧကရာဇ်ဟုန်ကျန့်ဟာ အရည်အချင်းပြည့်မှီကာ တည်ငြိမ်ပြီး ဉာဏ်ပညာပြည့်ဝသော ဘုရင်တစ်ပါးဖြစ်သည်။ ဒီတိုင်းထိုင်နေရင်တောင်မှ ပြင်းထန်လှသော အရှိန်အဝါက သူ့နံဘေးတွင် ပျံ့လွင့်နေသည်။

The Wife Is First『 ဇနီးကသာ ပထမ 』Where stories live. Discover now