အပိုင်း ၇

8.3K 851 53
                                    

"ယန်ကျီ ဝမ်ဖေးကို ဂါရဝပြုပါတယ်... ဝမ်ဖေး လက်ဖက်ရည်သုံးဆောင်ပါအုံး..."


လေးအဆင့်ကိုယ်လုပ်တော်လျို့က ရိုသေစွာ နှုတ်ဆက်လာသည်။ သူမက မုဟန်ကျန်းကို ဒူးထောက်ဂါရဝပြုကာ အစေခံမိန်းကလေးမှတစ်ဆင့် လက်ဖက်ရည်ခွက်ကို ဆက်သလေ၏။ သူမ၏ချစ်စရာကောင်းသော မျက်နှာလေးအား ငုံ့ထားကာ မျက်ဝန်းများကလည်း ပကတိတည်ငြိမ်နေသည်။

မုဟန်ကျန်းက လက်ဖက်ရည်ကို အနည်းငယ်သောက်ကာ တောင်ပင်လယ်မှ ပုလဲဆွဲကြိုးတစ်ကုံးကို သူမအား ချီးမြှင့်လိုက်သည်။ လက်ဆောင်ကို လက်ခံပြီးမှ သူမကို ခေါင်းမော့ရန် ခွင့်ပြုလိုက်သည်။

"ကျွန်တော်မျိုးမ ဝမ်ဖေးကို ဂါရဝပြုပါတယ်... ဝမ်ဖေးရဲ့မင်္ဂလာပွဲအတွက်လည်း ဂုဏ်ယူပါတယ်... ဝမ်ဖေး ဘဝတစ်လျှောက်လုံး ပျော်ရွှင်မှုတွေရရှိပါစေလို့ ဆုတောင်းပေးပါတယ်..."

ပေါ့ပါး၍ တက်ကြွရွှင်လန်းနေသော အသံဟာ တဖက်လူ၏အကောင်းမြင်မှုကို လိုချင်နေမှန်းသိသာစေသည်။ ကိုယ်လုပ်တော်လီဟာ (ရှီချဲ့) အဆင့်ငါးကိုယ်လုပ်တော်ဖြစ်တာကြောင့် သူမကိုသူမ ဘွဲ့တပ်၍ ပြောဆိုခွင့်မရှိချေ။ ထို့ကြောင့် စကားပြောရာတွင် နိမ့်ကျသော အသုံးအနှုန်းကိုသာ သုံးနှုန်းရသည်။ သို့ပေမယ့် သူမ၏မိခင်ဟာ အစေခံတစ်ဦးဖြစ်တာကြောင့် ထိုကဲ့သို့ပြောဆိုရခြင်းက သူမအတွက်တော့ သိပ်မခက်ခဲလှပေ။

"ထပါ..."

မုဟန်ကျန်းက လက်ဖက်ရည်ခွက်ကို ချကာ ကိုယ်လုပ်တော်လီအား ရွှေဆံထိုးတစ်စုံကို ချီးမြှင့်လိုက်သည်။

ဒီမိန်းကလေးအသုံးအဆောင်ပစ္စည်းတွေဟာ နဂိုကတည်းက သူ့ထံမှာ ရှိနေတာမဟုတ်သလို ပေဝေ့အိမ်တော်က ဝယ်ယူထည့်ပေးလိုက်ခြင်းလည်း မဟုတ်ပေ။ ဒီပစ္စည်းတွေကို မင်္ဂလာပွဲနေ့မတိုင်ခင် သူ၏မိခင်က ကိုယ်လုပ်တော်တွေကြားမှာ မျက်နှာမပျက်ရလေအောင် တိတ်တဆိတ် ထည့်ပေးလိုက်ခြင်းသာဖြစ်သည်။

မုန့်ရှီဟာ ဝမ်ဖေးက လက်ဆောင်တွေကို ပေါပေါများများထုတ်ပေးနေတာကို မြင်လိုက်ချိန်မှာတော့ သူမ၏နဂိုက "ပွဲကြီးပွဲကောင်းကြည့်ရတော့မယ်" ဟူသော အတွေးဟာ တစ်မဟုတ်ချင်း ပျာက်ကွယ်သွားရသည်။ သူမက တွေးလိုက်၏။

The Wife Is First『 ဇနီးကသာ ပထမ 』Where stories live. Discover now