အပိုင်း ၅၄ ( U + Z )

6K 1.2K 61
                                    

[ Unicode ]

ကျင်းရှောင်က မုဟန်ကျန်းကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။ ယခင်ဘဝမှ အကျဉ်းထောင်အတွင်း၌ရှိနေစဉ် မြင်ကွင်းများက အနှေးပြကွက်တစ်ခုအလား မျက်လုံးထဲတွင် မြင်ယောင်လာပြီး ကြောက်ရွံ့မှုများက ပေါက်ကွဲထွက်လာကြသည်။ တကယ်လို့ သူသာ ဒီနေ့မှာ ခြေတစ်လှမ်းလောက် နောက်ကျသွားပါက သူ့ရဲ့ကျွင်းချင်ဟာ ထိုဓားချက်အောက်တွင် အသက်ဆုံးရှုံးသွားရတော့မှာပင်။

"ဝမ်ရယ် သမားတော် ရောက်လာပါပြီ…"

ညာလက်ရုံးစစ်သူကြီးက သမားတော်ကို ဆွဲခေါ်ကာ အပြေးအလွှားရောက်လာသည်။ သို့ပေမယ့် တဲထဲသို့ ဝင်လိုက်သောအခါမှာ စစ်ရေးအကြံပေးက ဝမ်ရယ်၏ရင်ဘတ်ကို မှီထားသည်ကို တွေ့လိုက်ရသည်။

'ဒါက ဘယ်လိုအနေအထားကြီးလဲ…!'

ဘယ်လက်ရုံးစစ်သူကြီးသည်လည်း သူ့နောက်မှလိုက်ဝင်လာရာ မိုးကြိုးပစ်ခံလိုက်ရသည့်အလားဖြစ်နေသည့် ညာလက်ရုံးစစ်သူကြီးအား တွေ့လိုက်ရသည်။ သူက အလျင်အမြန် ညာလက်ရုံးစစ်သူကြီးကို တံတောင်ဖြင့် တွတ်လိုက်သည်။

မုဟန်ကျန်းက လူများဝင်လာသည်ကို မြင်သောအခါ ကျင်းရှောင်၏လက်ကို လွှတ်လိုက်လေသည်။

ကျင်းရှောင်က သမားတော်ကို မော့ကြည့်ကာ ပြောလိုက်သည်။

"ဒီနားကို မလာဘဲ ဘာလုပ်နေတာလဲ…?!"

မင်းသားတစ်ပါးစစ်တိုက်ထွက်ပြီဆိုပါက တော်ဝင်သမားတော်ကြီးများက အထူးတလည် တော်ဝင်သမားတော်ငယ်တစ်ယောက်ကို ရွေးချယ်ကာ မင်းသားနှင့်အတူ လိုက်ပါခိုင်းလေ့ရှိသည်။ ထို့ကြောင့် ဒီတပ်စခန်းမှ သမားတော်၏အရည်အချင်းကို သိပ်တော့မယုံရပေ။

“ဟုတ်.. ဟုတ်ကဲ့..!”

သမားတော်က ကမန်းကတန်း ရှေ့သို့တိုးလာသည်။ သူက ဆေးသေတ္တာကို ဘေးတွင် ချလိုက်ပြီး မုဟန်ကျန်း၏အခြေအနေကို စစ်ဆေးကာ ဒဏ်ရာအခြေအနေကို ကြည့်ရန်အတွက် အကျီကိုချွတ်ရန် လက်လှမ်းလိုက်သည်။

"မင်း ဘာလုပ်တာလဲ..?!"

ကျင်းရှောင်က ဝမ်ဖေး၏ရင်ဘတ်ဆီသို့ ရောက်လာသော လက်ကို ဆုပ်ကိုင်လိုက်ပြီး နီရဲသော မျက်လုံးများဖြင့် သမားတော်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

The Wife Is First『 ဇနီးကသာ ပထမ 』Where stories live. Discover now