အပိုင်း ၃၅ ( U + Z )

10.6K 1.7K 140
                                    

[ Unicode ]

ချို့ယိနျန်က ဘေးဘီကို ကြည့်လိုက်ရာ စြင်္ကံလမ်း၏တစ်ဖက်အဆုံးမှ လက်ဖက်ရည်ပန်းကန်နှင့်အတူ ပြန်လာသော သခင်မတု၏အစေခံခေါင်းဆောင်ယန့်ရုံကို တွေ့လိုက်ရသည်။ သူမက အလျင်အမြန် နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်ပြီး စြင်္ကံလမ်းရှိ တိုင်တစ်ခု၏နောက်သို့ဝင်ကာ ပုန်းကွယ်လိုက်ပြီး အစေခံက တံခါးဝသို့ ရောက်သွားမှသာ ဖြည်းဖြည်းချင်း ပြန်ထွက်လာခဲ့သည်။

“ချို့ယိနျန်က စာချုပ်စာတမ်းတွေကို လာပို့တာပါလား…?”

ယန့်ရုံက သူမကို တွေ့ပြီး ပြုံးလိုက်သည်။ ချို့ယိနျန်ဟာ နောက်လ၌ ဖူးရန်တစ်ယောက်ဖြစ်လာတော့မည်။ ထို့ကြောင့် မကြာသေးမီမှစ၍ အိမ်တော်စုမှ လူအများက သူမအပေါ်၌ ပိုမိုယဉ်ကျေးစွာ ဆက်ဆံလာကြသည်။

“သခင်လေး၁လည်း အထဲမှာ ရှိနေပါတယ်… ဒီစာရင်းတွေကို ကျွန်မ ယူသွားပေးပါ့မယ်…”

“ကျေးဇူးပါပဲ…”

ချို့ယိနျန်က ပြုံးလိုက်ပြီး သူမအား စာရင်းစာအုပ်များကို ပေးကာ ထွက်သွားလေသည်။

အခန်းအတွင်းရှိ လူနှစ်ယောက်ဟာ အစေခံ၏စကားသံကို ကြားလိုက်ရသောအခါ စကားမပြောကြတော့ပေ။ သူတို့က သူမဝင်လာသည်ကို စောင့်ပြီးမှ သခင်မတုက မေးလိုက်သည်။

“ယန့်ရုံ အပြင်က ဘယ်သူလဲ…?”

“တံခါးဝမှာ စာရင်းစာအုပ်တွေကို လာပို့တဲ့ ချို့ယိနျန်နဲ့ တွေ့ခဲ့ပါတယ်… ချို့ယိနျန်က စာရင်းစာအုပ်တွေကို ကျွန်မကို ပေးပြီး ပြန်သွားပါပြီ…”

ယန့်ရုံက ပြုံးလိုက်ပြီး စာအုပ်များကို စားပွဲပေါ်သို့ တင်လိုက်သည်။

ပေဝေ့အမတ်ကတော်က မျက်မှောင်ကြုတ်လိုက်သည်။ သူမဟာ ဒီနေ့ ချို့ယိနျန်ကို ဘေးခန်းထဲ၌ ဒီလငွေစာရင်းများကို စစ်ဆေးထားခိုင်းခဲ့သည်။ အစေခံများအားလုံးကို ပထုတ်ထားပြီးဖြစ်သော်လည်း သူမကိုတော့ မေ့သွားခဲ့သည်။ ကံကောင်းထောက်မစွာပဲ ယန့်ရုံက အချိန်မှီပြန်ရောက်လာခဲ့သည်။ သူမက ယန့်ရုံကို အပြင်ထွက်ခိုင်းကာ တံခါးကို စောင့်ခိုင်းလိုက်သည်။ သခင်မတုက ခေါင်းမော့၍ မုလင်းပေါင်အား ကြည့်ကာ ပြောလိုက်သည်။

The Wife Is First『 ဇနီးကသာ ပထမ 』Where stories live. Discover now