အပိုင်း ၂၁ ( U + Z )

13.6K 1.9K 84
                                    

[ Unicode ]

Warning : Mature content

မုဟန်ကျန်းအတွေးများနေသည်ကို မြင်ရခြင်းက ကျင်းရှောင်အတွက်တော့ ရှားပါးလှသည်။ သူက သဘောတကျဖြင့် အနားသို့ ကပ်သွားလိုက်ပြီး အခွင့်အရေးကို အသုံးချကာ မုဟန်ကျန်း၏တင်းတင်းစေ့ထားသော နှုတ်ခမ်းကို ဖွဖွလေး ဆွဲကိုက်လိုက်သည်။

"အ...!"

မုဟန်ကျန်းဟာ လန့်သွားလေသည်။ လှည့်ကြည့်လိုက်ရာ ကျင်းရှောင်ဖြစ်နေတာကို မြင်ပြီးနောက် ကျင်းရှောင်ကို စိုက်ကြည့်လာကာ

"ဝမ်ရယ် ဘာလုပ်နေတာပါလဲ...?"

"ဒီလိုအတွေးများနေတာကို တွေ့ရခဲလို့လေ..."

ကျင်းရှောင်က ပြုံးလိုက်ပြီး မုဟန်ကျန်း၏ဘေးတွင် ဝင်ထိုင်လိုက်သည်။ ကျီရှီက စွပ်ပြုတ်ကို ခပ်ထည့်ပေးကာ သူတို့နှစ်ယောက်အတွက် အစားအသောက်များကို ပြင်ဆင်ပေးပြီးနောက် နောက်ပြန်ဆုတ်သွားသည်။

မုဟန်ကျန်းက စွပ်ပြုတ်ပန်းကန်ကို ယူလိုက်ပြီး တစ်ငုံသောက်လိုက်သည်။ သို့ပေမယ့် ဒီညမှ စွပ်ပြုတ်က ပိုမွှေးပျံ့နေသယောင်ခံစားလိုက်ရသည်။

"ကျွင်းချင် လက်နက်ပုန်းနဲ့ဘယ်လိုတိုက်ခိုက်ရလဲ သင်ချင်လား...?"

ကျင်းရှောင်က အစားအစာကို ပါးစပ်အပြည့်စားရင်း ပြောလိုက်၏။ မုဟန်ကျန်းက စွပ်ပြုတ်တစ်ခုတည်းကိုပဲ သောက်နေတာကိုမြင်သောအခါ သူက ငါးတစ်တုံးကို တူဖြင့် ယူကာ မုဟန်ကျန်း၏ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

"လက်နက်ပုန်းလား...?"

မုဟန်ကျန်းက ကျင်းရှောင်ကို ကြည့်ကာ မေးလိုက်သည်။

"ရုတ်တရက်ကြီး ဘယ်ကနေဘယ်လို ဒီအကြံကို စဉ်းစားမိသွားတာလဲ...?"

"သိုင်းလောကမှာ နာမည်ကြီးတဲ့ သိုင်းသမားတစ်ယောက်ရှိတယ်လေ... လူတွေကတော့ သူ့ကို ဓားကိုးလက်တစ္ဆေလို့ခေါ်ကြတယ်..."

The Wife Is First『 ဇနီးကသာ ပထမ 』Where stories live. Discover now