***********************

"ဘတ်ဟီလေး....အာ....ဟပါဦးပါးစပ် ဟိုမှာ ဘတ်ချန်းလေးက ကုန်တော့မှာနော် ဝါး ဝါးသမီးငယ်"

ချန်းယောလ် အောက်ထပ်ဆင်းလာတော့ ထမင်းစားခန်းထဲက ဘတ်ဟျွန်းနဲ့ ကလေးတသိုက်အသံတဆာဆာကိုကြားနေရပြီ

"ဘတ်ဟီ သမီးကလဲ ထမင်းကငုံမထားရဘူးလေ ဝါးရတယ် ဖေ့သမီးလေးရဲ့"

ချန်းယောလ်အမွှာနှစ်ကောင်ထဲက ပေကပ်ကပ်လုပ်နေတဲ့သမီးကို ပွေ့ချီကာ နမ်းရှိုက်ရင်းပြောလိုက်တော့ ဘတ်ချန်းလေးကပါ တမော့ကြည့်ကြည့်လေးလုပ်လာသည်

"အားရီးဂူး ဖေ့သားလေးကလဲ လိမ္မာလိုက်တာ သေသေချာချာဝါးတတ်တယ်"

ဘတ်ချန်းလေးနဲ့ ဘတ်ဟီကို လက်တဖက်စီကပွေ့ချီလျက်ပဲ စားပွဲမှာဝင်ထိုင်လိုက်တော့

ခွက်!!!

ခရင်းကို စောင့်ချလိုက်တဲ့အသံ သိလိုက်ပြီ ချန်းယောလ်သိလိုက်ပြီ ဒါဟာသမီးငယ် ချန်းလီရဲ့မကျေနပ်ရင်လုပ်နေကျပုံစံဆိုတာ

"ချန်းလီလေး ဘာဖြစ်နေတာလဲ နှုတ်ခမ်းကြီးကိုထော်လို့"

"ဟွင့် သမီးဘာသူသမီးစားနေတယ်လေ"

အော်...အော် ချန်းယောလ် သဘောပေါက်ပြီ ဒါသမီးက ဂျေဝင်နေတာ.......ဘတ်ဟျွန်းကတော့ပြုံးစိစိနဲ့သာ သူ့သမီးစိတ်ဆိုးနေပုံကို ရယ်ချင်ပက်ကျိဟန် ကြည့်နေသည်

"ဘတ်ဟီလေးနဲ့ ဘတ်ချန်းလေးက ထမင်းသေချာစားနော်"

ဘတ်ဟျွန်းဆီ သားနဲ့သမီးကိုထားခဲ့ကာ ဟိုဘက်စားပွဲထိပ်ထိုင်နေတဲ့ သမီးနားသွားထိုင်ပြီး

"ချန်းလီလေးက တော်လိုက်တာ ၄နှစ်တောင်မပြည့်သေးဘူး ကိုယ့်ဘာကိုယ်စားတတ်နေပြီ ကြည့်ပါဦးမောင်လေးနဲ့ညီမလေးက၂နှစ်တောင်ပြည့်တော့မှာကို မစားတတ်သေးဘူးနော်ညံ့လိုက်တာ"

"ဟင် ညံ့ပါဘူး ဟီလေးနဲ့ချန်းလေးက ငယ်သေးလို့ပါ ဖေကြီးနော်အဲ့လိုမပြောနဲ့"

"ဟားဟားးးး ဟုတ်ပါပြီဗျာ ကဲဆက်စားပါ မနက်စာကို ဖေကြီးကစတာ"

တွေ့လား သူ့မောင်နဲ့ညီမကိုတော့သေးသေးလေးမှကို အပြောမခံတာ

You've reached the end of published parts.

⏰ Last updated: Nov 20, 2021 ⏰

Add this story to your Library to get notified about new parts!

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now