4 zaw

1.3K 152 12
                                    

"မိုက်တယ်ဗျာ ယောက်ဖကြီးက မြို့သားမို့လားမသိဘူး ကွက်ကျဲ ဖျင်ကြမ်းနဲ့တောင်နုဖက်နေတာပဲ အကိုချန်းယောလ်တို့ကတော့ရွေးတတ်တယ်ဗျာ"

ဘေးနားကနေ အထုပ်ကူဆွဲကာ မြှောက်တဲ့သူကလည်းမြှောက်နေတာမို့ ရွာလယ်လျှောက်လမ်းမှာ ဘတ်ဟျွန်းတယောက် တကိုယ်လုံး လေပေါ်မြောက်ချင်ချင်ဖြစ်နေသည်

တခါတည်း အင်္ကျီဝယ်ပြီး အကြိုက်တစုံကို လဲဝတ်ခဲ့လိုက်တာ ကိုယ့်ကိုကိုယ် ဒီလောက် လိုက်ဖက်နေခဲ့မယ်လို့မထင်ထားခဲ့ဘူး ခိခ်ခိခ်

"ကျနော်လဲ ယောက်ဖကြီးကို ခင်တယ်ဗျ သိလား ယောက်ဖကြီးက ကလေးလေးလိုပဲနော် ပြောလို့သာပြောရတာ ချစ်စရာလေးဗျာ"

ဘာတွေစိတ်ကောင်းဝင်နေလဲမသိ ၀ယ်လာခဲ့တဲ့ အင်္ကျီထုပ်ကိုလဲသူပဲဆွဲကာ တလမ်းလုံးမြှောက်ပင့်ပြောနေတော့ ဘတ်ဟျွန်းတို့ သွားအဖြီးသားနဲ့ပင်

"ဟာာာ ဟေ့ ဟေ့ နေဦးလေ ဟေ့"

ကိုယ့်ဘေးနားကနေ စကားတပြောပြောနဲ့သူက တဟေ့ဟေ့နဲ့အော်ကာ အမြန်ပြေးသွားသည်က အိပ်ချင်မူးတူးရုပ်နဲ့ကောင်လေးတယောက်ဆီ

"ရားး လန့်တာဆယ်ဟွန်းရာ"

"နေ နေပါဦး ဂျုံအင်ရဲ့ဟီးးး အခုမှအိပ်ယာထတာလား"

ဟိုကောင်လေးက ဂျုံအင်ဆိုတော့ ဆယ်ဟွန်းကြောင်နေသည့်သူဖြစ်မည့်ပုံပင် အညိုရောင်အသားအရည်နဲ့ အညိုရောင်ဖျင်ကျဲကွက်ကိုဝတ်ထားတဲ့သူက အညိုဆင်ပေမဲ့ ပြောရရင် ကိုယ့်လောက်တော့ကြည့်မကောင်း

ကိုယ့်ဘက်ကို ယက်ကာတွေးပြီး ဆယ်ဟွန်းနားလျှောက်သွားတော့ ဟိုကောင်လေးက လက်တွေကိုဆံပင်ထဲနှစ်ကာ ကုပ်ရင်း

"အေးး ဟုတ်တယ် ဒီမှာ ကြည်နေတာမဟုတ်ဘူးနော် အမေက အရီးညိုဆီ ဈေးဝယ်ခိုင်းလိုက်လို့ အိပ်ရေးမ၀ပါဘူးဆို"

နှုတ်ခမ်းဆူရင်းမျက်လုံးမပွင့်တပွင့်နဲ့ပြောလာတဲ့ကောင်လေးကကျနော့်အမြင်တော့ ၀က်ဝံနဲ့တူသလိုလို ကိုယ့်အမြင်ပြောတာပါ ဆယ်ဟွန်းဆိုတဲ့ကောင်ကတော့ စိန်တုံးကြီးရှေ့ချကြည့်နေသလိုပင် မျက်ဝန်းတွေကအရောင်တလက်လက်နဲ့

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now