Extra✨

2K 183 6
                                    

ဖက်....ဖက်.....ဖက်

ယားကျိကျိနဲ့ခပ်ကျိန်းကျိန်းဖြစ်လာတဲ့ခေါင်းအပြင် တဖက်,ဖက် အသံနဲ့အတူ ချန်းယောလ်နိုးလာခဲ့သည်......

"ဝါးးးးး ဟာ နေတောင်တော်တော်မြင့်နေပြီပဲ"

ချန်းယောလ် ဆံပင်ကင်းမဲ့နေတဲ့ ဦးခေါင်းကိုတချက် လက်နှစ်ဖက်လုံးနဲ့ ပွတ်သပ်လိုက်ပြီးနောက်

"ဟူး ငါ့သမီးချန်းလီလေးက ဖေကြီးကိုလာနှိုးတာပေါ့လေ ဟုတ်လား"

ကုတင်ခေါင်းရင်းကနေ သူပြောသမျှ ပြုံးပြုံးကြီးနဲ့ မေးထောက်ကာ ကြည့်နေတဲ့သမီးကို ပွေ့ချီလိုက်တော့

"ခိခ်ခိခ်ခိခ် " ဖက်

သွားအဖြီးသားနဲ့ ရယ်ပြကာ ခေါင်းက်ိုလာထိနေပြန်သည်.....ဒီကလေးမ လူကြီးကိုမလေးမစားနဲ့

"အဲ့လိုမလုပ်ရဘူးလေ သမီးရဲ့ ငရဲကြီးလိမ့်မယ်နော်"

ချန်းယောလ် သမီးဗိုက်နားလေးကို ကလိလေးထိုးကာစနောက်ရင်းပြောမိတော့

"ဟားဟားးးးဟားးးပြောင်နေတာပဲ အူယားတာကိုဖေကြီးကလဲ"

"အူယားလဲ နောက်မလုပ်နဲ့တော့နော် ဖေကြီးကဘာမှမဖြစ်ဘူး သမီးပဲငရဲကြီးမှာဗျ"

"ဟုတ်ကဲ့ပါဖေကြီး"

ထိုတလုံးကိုသာဆိုကာ ချန်းယောလ်ပွေ့ချီးထားရာကနေ ကော့လန်ထိုးကာနဲ့ ကုတင်အောက်ဆင်းပြီး

"ဖေဖေက မနက်စာလာစားတော့တဲ့ ၉နာရီခွဲအစည်းအဝေးရှိတယ်ဆိုပြီးအိပ်ပုတ်ကြီးမနေနဲ့တဲ့ ပြောခိုင်းလိုက်တယ်"

"အမိန့်တော်အတိုင်းပါဗျာ ဖေကြီးခနနေအားလုံးပြင်ဆင်ပြီး ဆင်းခဲ့ပါ့မယ်ဗျာ"

"ဟုတ်ကဲ့ဖေကြီး"

ဘတ်ဟျွန်းရဲ့ပုံတူလေးလို့ ပြောရလောက်အောင်သမီးကတကယ့် ငသွက်လေး ၄နှစ်ပင်မပြည့်သေးတဲ့သမီးက ငစွာလေးပင် ချန်းယောလ်ကပြောလိုက်ရင်လဲဘာပြောပြော ဟုတ်ကဲ့ဖေကြီးသာပြန်ဖြေတတ်ပြီး နောက်လဲသူစိတ်ရှိတာသာလုပ်တတ်တာမျိုး ဥပမာ မနက်လာနှိုးရင် ခေါင်းက်ိုမပုတ်နဲ့ငရဲကြီးတတ်တယ်ပြောထားလဲ ဟုတ်ကဲ့လို့ပြောပြီးနောက်နေ့သူလုပ်ချင်တာလုပ်တာမျိုးပေါ့ဗျာ.........တကယ့်အလည်လေး....

You've reached the end of published parts.

⏰ Last updated: Nov 20, 2021 ⏰

Add this story to your Library to get notified about new parts!

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now