Intro

4.9K 167 6
                                    


"ပတ်ချန်းယောလ် ပါတယ်ဆို ခနရပ်တန့်ပေးဖို့တောင်းဆိုပါတယ် ပတ်ချန်းယောလ် ပါပါသလားခင်ဗျာ"

ဘူချွန်ကိုပြန်တဲ့မှန်လုံကားကြီးပေါ်စိတ်အေးချမ်းသာစွာနဲ့ အိပ်ပျော်နေတုန်း ကိုယ့်နာမည်ကို လော်စပီကာလိုမျိုးနဲ့အော်သံကြားတော့ အိပ်ချင်မူးတူးဖြစ်နေတဲ့မျက်လုံးတွေကိုပြူးပြဲကာကြည့်လိုက်တော့ OMG!! ကိုယ်ထိုင်နေတဲ့ဘေး ကားမှန် ပြတင်းတံခါးကနေ မှန်လုံကားနဲ့အပြိုင်ယှဉ်မောင်းနေတဲ့အိမ်စီးကားပေါ်က ခပ်တည်တည်ပင် လော်စပီကာနဲ့အော်ပြောနေတဲ့ ငရှုပ် ကြောင်ကြည့်နေတဲ့ကိုယ့်ကိုသူကလည်းမြင်သွားပုံပါပဲ

"ပတ်ချန်းယောလ် ပတ်ချန်းယောလ်ပါပါတယ် ရပ်ပေးပါ ပတ်ချန်းယောလ် ရပ်ပေးပါ ဟေးးးကားဆရာကြီး ခနရပ်ပေးပါ မေတ္တာရပ်ခံပါတယ်"

နဂိုသူစအော်ကတည်းက ရုတ်ရုတ် ရုတ်ရုတ် ဖြစ်နေတဲ့ခရီးသည်တွေက ပိုလို့ပင် လှုပ်လှုပ်ရှားရှားဖြစ်လာကြပြီမို့ ကိုယ်ကပဲ

"ကျနော် ပတ်ချန်းယောလ်ပါ ခင်ဗျ ကားရပ်ပေးပါနော် "

အားနာ လာတာနဲ့ပဲ ပါတဲ့ပစ္စည်းလေးတွေသယ်ကာ ကားဆရာနားသွားပြောလိုက်တော့ ကားဆရာကြီးက လမ်းဘေးကပ်ရပ်ပေးတာမို့

"ကျေးဇူးပါ အားလုံးကိုတောင်းပန်ပါတယ် ကျနော်နှောက်ယှက်မိသလိုဖြစ်သွားပြီ သာယာအေးချမ်းတဲ့ခရီးဖြစ်ပါစေဗျ"

ကားဆရာကိုကော ပါလာတဲ့ခရီးသည်တွေကိုပါ ဦးညွှတ်ကာ နှုတ်ဆက်ရင်းတောင်းပန်ပြီးမှကားပေါ်ကဆင်းခဲ့သည်

ထွက်သွားတဲ့ကားကိုကြည့်ရင်း တကယ်စိတ်ဓာတ်တွေကျချင်သလိုလိုပင် ဘယ်အပေါက်ကပင်ထွက်ပြေးလို့ပြေးရမလဲပင်ရှာမရ တက္ကသိုလ်တက်ခဲ့သည့်၎င်းနှစ်လုံးလဲ ဒီငရှုပ်ရန်ကိုကြောက်နေခဲ့ရတာ အခုလည်းဘာရှုပ်ဦးမလဲမသိ

ခေါင်းကုတ်ကာ စိတ်ညစ်နေတုန်း ခပ်လှမ်းလှမ်းမှာရပ်သွားတဲ့ကားထဲကနေ ပြေးဆင်းလာတဲ့ ငရှုပ်

"ရားးးးး ပတ်ချန်းယောလ် ကျနော့် ကိုချန်ထားခဲ့မလို့လားး"

သွား၃၂ချောင်းလုံးပေါ်အောင်ဖြီးကာအပြေးလာပြီး

ကိုယ့်ကိုလာဖက်ဖို့ပြင်တာမို့ ရှောင်လိုက်တော့ ဘေးကမြေပြင်မှာပုံလျက်သားလဲကျသွားရှာသည်

"ကျွတ်ကျွတ် "

"ဟာ အခု ကျနော့်ကိုသနားသွားပြီမို့လားဟင်"

အရှက်ကလည်းတစက်မှမရှိ ဖုန်ပေသွားတဲ့နေရာတွေကိုခါရင်း ပြုံးစိစပ်ဖြဲမျက်နှာနဲ့မေးလာတာမို့

"သနားမနေဘူး"

"မသနားလည်းနေပါ နောက်မှသနား လာလာ လက်ထပ်ကြစို့"

"ဟ ဘာလဲ ငါကမင်းနဲ့ဘာလို့လက်ထပ်ရမှာလဲ"

လက်မောင်းရင်းကနေကိုဆွဲကာအတင်းခေါ်နေတာမို့ပြောလိုက်တော့

"ဟီးဟီး ချစ်လို့ပေါ့ဗျ"

"ဘာ"

"လာပါ မောင်ရဲ့"

ဆွဲခေါ်သွားသော ငရှုပ်နောက် ကျနော်အမောင်ချန်းယောလ် ယက်ကန်ယက်ကန်နဲ့သာပါသွားရတော့သည်

ကဲ စဉ်းစားကြည့်ကြပါဦးဗျာ ဒီငရှုပ်ဗြောင်ဘတ်ဟျွန်းကိုကြောက်လွန်းလို့ ကျောင်းစာမေးပွဲပြီးပြီးချင်း ဘူချွန်ပြန်ခဲ့တာကို ဒီလိုဖြစ်ရတယ်လို့ So sad for me

**********************

TBC

LOVE U ALL💛

အသစ်လေးပါ အတွေးထဲပေါ်တုန်းမေ့သွားမှာစိုးလို့Introလေးအဖြစ်လာupထားတာ

ချစ်ပေးကြပါဦးနော်❤️

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now