3 uni

1.5K 134 4
                                    

"ဟတ်....ဟတ်ချိုးးး"

တယောက်တည်း အိမ်ရှေ့ကခုံတန်းမှာရေချိုးပြီးတော့ ခေါင်းထိုင်သုတ်နေတာလည်းကြာပြီ အခုထိခေါင်းက ခြောက်ဖို့စိတ်ကူးကလည်းမရှိဘူးထင်ပ ဟွန့် နှာရည်တွေတောင်ကျချင်လာပြီ

"ရွှတ် အဟင့် ရွှတ်..."

"ဟ ယောက်ဖကြီး ငိုနေတာလားဗျ"

ဗုန်းးးးးးး

အော်ကြီးဟစ်ကျယ်ဖြင့်ခြံထဲဝင်လာကာ ကိုယ်ထိုင်နေတဲ့ခုံတန်းနဲ့မျက်နှာချင်းဆိုင်မှာ ၀င်လှဲလိုက်တဲ့ မနေ့က ကလေးပေါက် ဆယ်ဟွန်း

"ရွှတ် ငိုပါဘူးကွာ နှာရည်ထွက်နေလို့ ရွှတ်"

"အရီး အရီးရေ လုပ်ပါဦးဗျ ကျနော့် ဆေးလေးလိမ်းပေးပါဦး"

"ဟေ့ကောင် ကြက်ပေါက် စောစောစီးစီး ငါ့အိမ်လာပြီး အော်ဟစ်နေ"

ခြံနောက်မှာ အမေချိုးဖို့ရေလှုပ်ပေးနေခဲ့တဲ့အကိုချန်းယောလ်နဲ့ရေချိုးပြီးတဲ့အမေက ဆယ်ဟွန်းအော်သံကြောင့်ရှေ့ကိုပြာပြာသလဲထွက်လာလေသည်

"ဘာဖြစ်တာလဲ ကြက်ပေါက်ရယ် ငါ့နဲ့လန့်တာ "

ဖြန်းးးး

"အားးးးး အရီး!"

ချန်းယောလ်က ခေါင်းသုတ်နေတဲ့ဘတ်ဟျွန်းနားကို ၀င်ထိုင်လိုက်သလို အမေကလည်း မှောက်ယက်ကြီးလှဲနေတဲ့ဆယ်ဟွန်းဘက်ဝင်ထိုင်ကာ ခြေသလုံးကို ရိုက်လိုက်တော့ ၇အိမ်ကြား၈အိမ်ကြားအသံကြီးနဲ့ထအော်တော့သည်

"ဟဲ့တိုးတိုး တိုးတိုး ဘယ်လိုဖြစ်နေတာလဲ"

"ဘယ်လိုဖြစ်ရမှာလဲ အရီးညီမ ကျနော့်အမေပေါ့ ယောက်ျားလေး လိုက်တောင်းခိုင်းပါတယ် ဟင့် ရိုက်တာကို ကြိမ်၃ချောင်းကျိုးရော ဒီမှာ "

မှောက်အိပ်ရက်နဲ့ပဲသူ့ဘောင်းဘီအသာဆွဲမကာပြတော့ ကိုစပ်စု ဘတ်ဟျွန်းကပါ ထကြည့်နေသေးသည်

ခေါင်းကလည်းကြည့်ရတာ တသက်လုံးသုတ်ပြီးမယ့်ပုံမပေါ် ဖျားနေရင်ကြားထဲက ကိုယ်ပဲအလုပ်ရှုပ်မဲ့အရေးမြင်ယောင်နေတာမို့ စပ်စုစိန်လုပ်နေတဲ့ဘတ်ဟျွန်းလက်ကိုဆွဲကာထိုင်ခိုင်းပြီး ချန်းယောလ်ကပဲ သေချာခေါင်းသုတ်ပေးနေလိုက်သည်

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now