27 Zaw+Uni

1.6K 211 19
                                    

"အဆင်ပြေလား"

"ပြေပါ့ဗျာ....အမေကော နေကောင်းလား"

"ကောင်းတယ် ဟိုနေ့ကတောင် သူ့မြေးလွမ်းလို့တဲ့လေ သမီးကော အိပ်ပြီလား"

"အိပ်သေးဘူး ဆယ်ဟွန်းတို့နဲ့ အိမ်ရှေ့မှာ"

"........."

"လွမ်းလိုက်တာ"

ခန ငြိမ်သွားတဲ့ ချန်းယောလ်ကို ဘတ်ဟျွန်းကြည့်ရင်း လွမ်းကြောင်းပြောမိတော့

"ဟက်.....ပွေလီလေး ကလေးလုပ်နေတာလား "

"သွား ခင်ဗျားအသဲနှလုံးမရှိတဲ့သူ,"

"ဟောဗျာ မောင်ကစတာပါ.....ကြည့်ပါဦး နှုတ်ခမ်းကြီးကိုထော်လို့"

"နေပါဦး အခုက ဘယ်ရောက်နေတာလဲ မှောင်နေတာပဲ"

သူပြောလိုက်မှ ချန်းယောလ် ဘေးနားကမီးအိမ်ကို အလင်းပိုတင်လိုက်ပြီး

"လယ်ထဲ စောင့်အိပ်နေတာလေ နှစ်ကူးနီးတော့ ကလေးတွေမူးရူးပြီး လာဖျက်ကြမှာစိုးလို့"

"အာ သတိထားဦးနော် ခြင်တွေကိုက်နေတော့မှာပဲ"

ရင်ဘတ်ပေါ်ထိ ဆွဲခြုံထားတဲ့စောင်ကို မ, ပြလိုက်ကာ

"အွမ်းပါ စောင်လည်းခြုံထားတယ်"

"ဟိုလေ ပြောစရာရှိတယ် ကျနော်လဲဒီမနက်မှသိတာ"

"ပြောစေဗျာ"

"မနက်ဖန် ဖေဖေက ကွားရှင်းတော့မယ်တဲ့"

"ဟမ်"

"ဟုတ်တယ် အဲ့ဒါ ဒီမှာဖေဖေပိုင်တဲ့ လုပ်ငန်းတွေအကုန် ကျနော်နဲ့ မောင့်နာမည်နဲ့လွှဲပေးမယ်တဲ့ အဆင်ပြေရဲ့လားဟင်"

"မောင်တို့က အဲ့ဒါတွေမလိုပါဘူးကွာ"

"ကျနော်ကတော့ ယူမှာပဲ မောင်ရေ သမီးရှေ့ရေးလဲရှိသေးတယ် ပြီးတော့ဖေဖေစိတ်ချမ်းသာဖို့ အရေးကြီးတယ်"

"ဟုတ်ပါပြီဗျာ ပတ်ဘတ်လေးသဘောပါ"

ဒေါက်ဒေါက်ဒေါက်......

"ခနနော်"......."ဝင်ခဲ့"

"အကိုဘတ်ဟျွန်း သမီးအိပ်သွားပြီ"

"အော် ဂျုံလေး ပေးပေး ကျေးဇူးပဲနော်"

"ဟုတ် အယ် အကိုဘတ်ဟျွန်းတို့အလွမ်းသယ်နေတယ်ပေါ့လေ"

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now