6 Zaw+Uni

1.9K 234 10
                                    


"ယောက်ဖကြီး စူပုတ်လို့ပါလား ဟဟ"

အနားကို သဘောတကျရယ်မောကာ လာနေတဲ့ဆယ်ဟွန်ကို နဂိုထက်ပိုစူပုတ်ကာမော့ကြည့်လိုက်သည်

"ဘာလာလုပ်တာလဲ မင်းက ကြည်နေတာမဟုတ်ဘူးနော်"

"ဟာဗျာ ပျင်းလို့ဗျ ယောက်ဖကြီးဆီကူးခဲ့တာ"

ဘတ်ဟျွန်း မြေတူးနေတဲ့အနား လာထိုင်ကာပြောနေတဲ့ဆယ်ဟွန်းကို ဘာမှမပြောပဲ လုပ်စရာရှိတာပဲဆက်လုပ်နေမိသည်

စိတ်ကတော့နဲနဲမှကို မကြည်တာပါနော် စဉ်းစားကြည့်လေ အာ့ချစ်ချစ်က တရားသလားလို့ လူက နက်ဖန်လယ်ထဲလိုက်ရမယ်ဆိုလို့ သူနဲ့တနေကုန်များအတူရှိနေရမယ်အထင်နဲ့ဝမ်းသာပီတိ ဂွမ်းဆီထိနေတဲ့ဟာကို မဟုတ်သေးဘူး လုံးဝကို မဟုတ်သေးတာ

စဉ်းစားရင်းတွေးရင်းခေါင်းတယမ်းယမ်းလုပ်ကာ စိတ်ကတိုလာတာနဲ့ပဲ လက်ကမြေကိုမြန်မြန်ပိုအားထည့်ကာပေါက်လိုက်တော့

"အ့"

ဖြာခနဲထွက်လာတဲ့ သွေးနဲနဲနဲ့ ပြဲသွားသော လက်ဖဝါးနုနုလေး

"ယောက်ဖကြီးကလည်း စိတ်ကြီးပဲ ဖြေးဖြေးလုပ်မှပေါ့"

"မဟုတ်သေးဘူး ဆယ်ဟွန်းရာ မောင်က လုံးဝမမိုက်ပါဘူးကွာ ဟွန့် မနက်ကတည်းက ငါ့ကျပန်းခင်းမှာ ဒီသောက်မြေကြီးတွေတူးခိုင်းထားပြီး သူကျဟိုလယ်ထဲမှာ အပျိုတသိုက်နဲ့ ဟင့်"

လယ်ထဲ လယ်လုပ်သားတွေနဲ့အတူ နေပူကြီးထဲလုပ်နေတဲ့ ချစ်ချစ်ကိုမေးငေါ့ပြကာပြောမိတော့

"ဟက် ယောက်ဖကြီးကတော့ ကျနော့်ထက်ပိုငဂျစ် ဟဟ အာ့ရွှံ့ထဲ မဆင်းစေချင်လို့ပေါ့ အကိုချန်းယောလ်က ဒီမှာတမင်ခိုင်းခဲ့တာနေမှာပါ"

"ငါက သူနဲ့အတူ အလုပ်လုပ်ချင်တာ"

"စဉ်းစားကြည့်စမ်းပါ့ဗျာ ပိန်းတာလည်းလွန်ရော ဒီလိုပုံနဲ့ အကိုချန်းယောလ်နဲ့ဘယ်လိုများညားခဲ့ကြတာလဲ "

".........."

"ဒီမှာဆို ယောကျ်ားကလယ်လုပ် မိန်းမကပန်းပျိုး ဒါပုံမှန်ပဲ ဘယ်မိန်းမမှ ယောကျ်ားနဲ့လယ်ထဲတွဲမဆင်းဘူး လယ်ပိုင်မိန်းမတွေက"

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now