"ဟိတ် ဘာလို့လိုက်ခဲ့တာလဲ ကိုယ့်အိမ်ကိုယ်ပြန်"
ခြံတံခါးလှည့်ပိတ်မှ နောက်ကနေ ခေါင်းငိုက်စိုက်ချကာ လိုက်ဝင်လာတဲ့ဆယ်ဟွန်းကြောင့် ချန်းယောလ်အော်လိုက်တော့အမေ့နားကိုပြေးကပ်ကာ
"အကို ချန်းယောလ်ကလည်း ဒီချိန်အိမ်ပြန်ရင် အသားတခြားအရိုးတခြားဖြစ်သွားမှာပေါ့ဗျ"
"သိရင် မလုပ်နဲ့လေ မလုပ်နဲ့လေ"
ချန်းယောလ် ပိုပိုစိတ်တိုလာကာ အံကြိတ်ပြီးပြောလိုက်ရင်း ဆယ်ဟွန်းခေါင်းကို လေး ငါးချက်လောက်ဆင့်ခေါက်လိုက်သည်
"အ့ အားးးနာတယ်ဗျ သူများပဲ လှိမ့်ခေါက်နေတာ သူ့လင်ကျ "
"သူ့လင်ကျ ဘာဖြစ်လဲ ဟမ် ဆက်ပြော စမ်းးး"
"ဟဲ့ သားရယ် ကလေးတွေကိုကွယ် မလုပ်ပါနဲ့"
ချန်းယောလ်ထပ်ခေါက်ဖို့ပြင်လိုက်တော့ ဆယ်ဟွန်းက အမေ့နောက်ကို ကပ်ဝင်သွားပြီ အမေကလည်းတားနေပြီမို့
"အမေ အဲ့လို ကာစီး ကာစီး လုပ်နေလို့ အဲ့ဒီ အိုဆယ်ဟွန်းဆိုတဲ့ကောင်က ဆိုးလို့ကောင်းနေတာ ပြီးတော့ ဘတ်ဟျွန်းး"
ကပ်ကပ်လန်အောင် ပြန်ပြောနေတဲ့ဆယ်ဟွန်းအလှည့်ပြီးတော့ လင်တော်မောင်ငရှုပ်ကိုပြောဖို့ကြည့်လိုက်တော့ ကိုယ့်ဘေးမှာ ခေါင်းငုံ့ကာ ငြိမ်ကုပ်လို့ရပ်နေပြန်သည်
"မင်းအသက် ဘယ်လောက်လဲ"
"မောင် နဲ့တူတူပဲလေ "
"အော် တော်သေးတာပေါ့သိသေးလို့ ငါက မင်းများ ကိုယ့်ကိုကိုယ် ဆယ်ဟွန်းနဲ့ရွယ်တူ ထင်နေတာလားလို့"
ကိုယ်တော်က ခေါင်းတောင် မော့မလာတော့ နှုတ်ခမ်းစူပွပွနဲ့သာ လုပ်နေသည်
"ကဲပါသားရယ် အိမ်ထဲဝင်ကြရအောင် ခြံဝကြီးမှာကလေးတွေကိုဆူမနေပါနဲ့ ဘေးအိမ်တွေနဲ့ရှက်စရာ"
"အော်အမေရယ် ဟိုကောင်တော့ထားပါတော့ အမေ့သမက်က ကလေးလား ပြီးတော့ အုပ်ချုပ်းရေးမှူးဆီမှာတောင် ခံဝန်ကတိလက်မှတ်ထိုးခဲ့ရတာ ဒီလောက်တော့ဒင်းတို့ရှက်မယ် မထင်နဲ့"
YOU ARE READING
ပွေလီငရှုပ်လေးရဲ့ချစ်ရသူ
FanfictionPCY-တော်တော်လည်တဲ့ငရှုပ် BBH-သဲ လည်တာချစ်ဖို့မကောင်းဘူးလားလို့ ဟင် ဘဲကြီး