"ဟဲ့ သား ပြန်လာတာ စောလှချည်လား ဟင်းတောင်မကျက်သေးဘူး"
၁၀နာရီ စွန်းစွန်းမှာ အိမ်ပြန်လာတဲ့သားဖြစ်သူကြောင့်အမေးထုတ်မိတော့
"နဲနဲ မူးရိပ်ရိပ်ဖြစ်နေလို့ပါ အမေရယ် ဟူးးးး"
မီးဖိုခန်းထဲက အမေ့ကိုပြန်ဖြေရင်း အိမ်ရှေ့စားပွဲမှာ ဟင်းရွက်ကူခြွေပေးနေပုံရတဲ့ ဘတ်ဟျွန်းနားသွားထိုင်လိုက်တော့ ကိုယ်တော်က လှည့်တောင်မကြည့်
စိတ်ကလည်းကြာရှည်စွာကိုဆိုးနိုင်လွန်းလှတယ် ဒီလိုဖြစ်နေတာ၄ရက်၅ရက်လောက်ရှိပြီ ဟို၁ရက်၂ရက်လောက်ကတည်းက ကောက်စိန်လေးကို ချော့မလို့ဟာ ခနခန ခေါင်းကတရိပ်ရိပ်မူးတတ်နေတာနဲ့ပဲ အိပ်ယာထဲ အိပ်နေတဲ့အချိန်ကပိုများနေခဲ့တာ
"နေများမကောင်းဘူးလားကွယ်"
နံဘေးရောက်လာကာ နဖူးပေါ်လက်တင်ပြီးအဖျားရှိ မရှိစမ်းနေတဲ့အမေ
"အော့ ဝေါ့"
အမေ့ လက်ကစွဲနေတဲ့ညှီတီတီ ဟင်းနံ့ကြောင့် ရင်ထဲ တစ်ဆို့ကြီးနဲ့ပျို့တက်လာသလို ခံစားရတာမို့ လက်ဆေးရေတိုင်နားအပြေးသွားကာ အန်ထုတ်ရတော့သည်
"ဟဲ့ ရရဲ့လားငါ့သားရယ် "
"ဝေါ့ အဟွတ်ဟွတ်"
မူးဝေနေတဲ့ခေါင်းရယ် အန်ချင်ချင်ဖြစ်နေတဲ့စိတ်ရယ် နောက်ကနေကျောကုန်းအသာထုပေးနေတဲ့အမေရယ် စိတ်ပူနေတဲ့မျက်ဝန်းတွေနဲ့ ကိုယ့်နားမယောင်မလည်လုပ်နေတဲ့ကောက်စိန်အချွဲတုံးလေးကိုမြင်နေရတာကလဲဝေဝါးဝါးနဲ့သာ
"အော့ အဟွတ် ရ ရတယ် အမေ"
"အစားများမှားလို့လားကွယ် သားဘတ်ဟျွန်း ရေလေးတခွက်လောက်သွားယူ"
"ဟုတ်အမေ "
အိမ်ထဲက ရေအိုးစင်ရှိရာဘက်ကို ပြေးသွားတဲ့ခြေသံလေးအဆုံး ပတ်ချန်းတို့ လောကကြီးနဲ့အဆက်အသွယ်ပြတ်သွားခဲ့လေပြီ
"ဟယ် သား သား ချန်းယောလ် ချန်းယောလ်"
"ဟင် မောင် ဟင့် အမေ မောင်က ဘာဖြစ်တာလဲ ဟင့်အင့် မနောက်ရဘူးလေ"
YOU ARE READING
ပွေလီငရှုပ်လေးရဲ့ချစ်ရသူ
FanfictionPCY-တော်တော်လည်တဲ့ငရှုပ် BBH-သဲ လည်တာချစ်ဖို့မကောင်းဘူးလားလို့ ဟင် ဘဲကြီး