မှောင်လိုက် လင်းလိုက် တဖြတ်ဖြတ် လက်နေတဲ့ မီးရောင်စုံကြား လှုပ်ယွကာ က နေသည့်လူတွေကိုကြည့်ရင်း မျက်စိရှုပ်တာမို့ ချန်းယောလ် ခပ်ဝေးဝေးက Bar ကောင်တာမှာသာ အေးဆေးထိုင်နေမိသည်
"ဟဲ့ ဒီဆေးက သေချာရဲ့လား"
"သေချာတယ် စိတ်ချ ၁နာရီပဲ စောင့်ရမှာ ငါအခန်းယူပေးထားမယ်"
"ဟဲဟဲ အိုကေ သွားလိုက်ဦးမယ်"
"ဖိုက်တင်းးးဟေ့"
"ကိုကို"
ရောက်ကတည်းက မျက်စိရှေ့ကပျောက်သွားတဲ့ကောင်မလေးက ဝိုင်၂ခွက်နဲ့ပြန်ပေါ်လာသည်
"ပြီ ပြီလား ပြန်ရအောင်"
ချန်းယောလ်ထိုင်ခုံကနေ ထကာပြောလိုက်တော့
"ဟာ ကိုကိုကလည်း နေပါဦးရောက်တာဖြင့်မကြာသေးဘဲနဲ့ကို"
"၁နာရီကျော်ပြီရောက်နေတာ ကြာနေပြီ"
"အွမ်းပါ ဒါဆိုလည်း ပြန်ကြတာပေါ့ မပြန်ခင်တခွက်လောက် ကိုကို"
"ငါမသောက်တတ်ဘူး"
"ဝိုင်ပါ ကိုကိုရဲ့ သူများပွဲကြီးလာပြီး တခုမှမစားမသောက်ရင် ကောင်းပါ့မလား နဲနဲသောက်လိုက်ပါ"
အတင်းတိုက်နေတဲ့ကောင်မလေးကြောင့် ချန်းယောလ် လှမ်းယူသောက်လိုက်သည်
"ကိုကိုက လိမ္မာလိုက်တာ ခနနော်သူငယ်ချင်းတွေကိုသွားနှုတ်ဆက်လိုက်ဦးမယ် ပြီးရင် ပြန်ရအောင်"
ချန်းယောလ် ခေါင်းသာပြန်ငြိမ့်ပြလိုက်သည်
နာရီဝက်ကျော်သည်အထိ ပြန်ဖို့သွားနှုတ်ဆက်တဲ့လူက ပေါ်မလာသေး ချန်းယောလ်တကိုယ်လုံးပူရှိန်းရှိန်းဖြစ်လာသလိုခံစားရကာ တခုခုကိုအတင်းတောင့်တ လာသည်ကို ခံစားနေရသည်မို့ ပွဲထဲဝင်ကာ ဟိုကောင်မလေးကို ကိုယ်တိုင်လိုက်ရှာမိသည်
"ဟေးး ဟိုမှာ နင့်လူကြီး"
"ဟယ် ကိုကို "
"တွေ့လား ဆေးကစွမ်းပါတယ်ဆို နင့်ကိုလာရှာတာနေမယ် ခိခ်ခိခိ အပိုင်သာခေါ်သိမ်းထားလိုက်တော့"
YOU ARE READING
ပွေလီငရှုပ်လေးရဲ့ချစ်ရသူ
FanfictionPCY-တော်တော်လည်တဲ့ငရှုပ် BBH-သဲ လည်တာချစ်ဖို့မကောင်းဘူးလားလို့ ဟင် ဘဲကြီး