13 Zaw+Uni

1.8K 264 15
                                    

"မျက်နှာကြီးကလည်း မှုန်ကုပ်လို့ ယောက်ဖကြီးရာ စောစောစီးစီး"

မနက်စာစားပြီးလို့ ပန်းကန်ဆေးနေတဲ့အနား အိုဆယ်ပေါက်က ပန်ကန်တချို့ယူလာပေးရင်းပြောတာမို့

"........"

"ဟိုတယောက်လဲကြည့်ဦး တကယ်ပဲဘာဖြစ်နေကြတာလဲ ဟမ် အဲ့လိုတွေစူပုတ်နေကြတော့ကျနော်တောင်မနေတတ်တော့ဘူး"

အနားတိုးလာပြီး တိုးတိုး တိုးတိုးနဲ့ကပ်မေးနေတဲ့ကြက်ပေါက်ကို အသာတွန်းလိုက်ပြီး

"အတင်းကပ်မနေနဲ့ကွာ စိတ်ညစ်ရတဲ့အထဲ"

"သိချင်လို့ပြောဗျာ ဘာလဲမနေ့ကကိစ္စအခဲမကြေကြသေးတာလား"

"မဟုတ်ပါဘူးကွာ.....ငါထပ်အမှားလုပ်လိုက်လို့"

"ကောင်းရော ယောက်ဖကြီးတို့ကတော့ လွဲလွဲစိန်ပဲနော် မနေ့ကလည်းပြောတယ်လက်လွန်မယ်လို့ကျနော်တားနေတာကို"

ဆယ်ဟွန်းက ဆေးပြီးသားပန်းကန်တွေကူထပ်ပေးရင် ပွစိပွစိပြောနေတာ လူကြီးလိုလိုနဲ့

"ဒီဖေ ငါဆဲမိတော့မယ် မနေ့က ယောက်ဖကြီး ချချ နဲ့အားပေးတာ ဘယ်ကခွေးပေါက်လဲ မင်း ငါမပြောချင်ဘူး"

"ဟီးးးးးး အဲ့လိုအားပေးခဲ့မိလို့လားး"

သွားအဖြီးသားနဲ့ခေါင်းကုတ်ဖင်ကုတ်မေးလာတဲ့ဆယ်ဟွန်းကိုလေတယ်ဆိုတဲ့ပုံမျိုးနဲ့ကြည့်လိုက်ပြီး

"လိ့တဲ့မှပဲ ပြန်ရစ်ပြလို့ရရင် ရစ်ပြလိုက်ချင်တယ်"

"စိတ်ထိန်းယောက်ဖ စိတ်ထိန်း ဟဲဟဲ ပြီးခဲ့တာလဲ ပြီးပါစေတော့လေ"

"ခုမှ တရားပေါက်သလိုပြောမနေနဲ့ မင်းဖေက ငါ့ကြည်မနေတော့ဘူး"

"ဟားးဟားးးလင်နဲ့လင်ပဲဗျာ တော်ပြီ အိမ်ပြန်တော့မယ် ဂျုံဂျုံ လေးနဲ့မတွေ့တာကြာပြီ သွားချောင်းပြီးမှပဲ အိမ်ပြန်မယ် လိုက်ဦးမလား"

"ဟိုမှာ ဟိုးးမှာ တွေ့လား"

ဘတ်ဟျွန်းလက်ညိုးညွှန်ပြတဲ့နေရာကိုကြည့်လိုက်တော့ မနက်စာစားအပြီးကုလားထိုင်ပေါ်ထိုင်ကာ သတင်းစာထိုင်ဖတ်နေတဲ့ သူ့ချစ်လှစွာသောလင်တော်မောင်အကိုချန်းယောလ်

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now