"အိုဆယ်ဟွန်းးးးး မင့် နောက်နောင် ဘယ်တော့မှ ငါ့ရှေ့မလာနဲ့"
ဒေါသတကြီးအော်ဟစ်ကာ အိမ်ပေါ်ထပ်သို့ သူ့လင်လေး ကို ချီပွေ့ကာတက်သွားသော အကိုချန်းယောလ်ကြောင့် အရီးကလည်း နားမလည်သလိုကြည့်လာသလို ကိုယ်ကိုတိုင်လည်း ထွက်ပြေးချင်စိတ်ပင် ပေါက်နေမိပြီ
ဒုန်းးးးး
အကိုချန်းယောလ်ရဲ့ အပေါ်ထပ်တံခါးကို ဆောင့်ကာ ပိတ်လိုက်သံကြားတော့မှ အရီးက အနားတိုးလာကာ
"နင် ဘာတွေရှုပ်ခဲ့ပြန်ပြီလဲ ဟမ် ဟမ်"
နားရွက်ကို ခပ်ဆတ်ဆတ် လိမ်ဆွဲရင်း မေးတာမို့ ဆယ်ဟွန်းနာနေပေမဲ့လည်း မအော်ရဲ မျက်နှာပင် နီရဲလာကာ
"အ အ နာတယ် အရီးရ လွှတ် လွှတ်...."
"ပြောစမ်းပါ့ ဘာလုပ်ခဲ့ကြတာလဲ ဘာဖြစ်ခဲ့ကြတာလဲလို့"
နားရွက် ဆွဲထားရာကနေ လွှတ်လိုက်ပြီး ခါးကို စိတ်မရှည်တော့သည့် သဘောမျိုးထောက်လိုက်ကာမေးလာတော့
"ဟိုလေ ဟိုဘက်ရပ်ကွက်ကိုသွားတာ သိတယ်မို့လား"
"အေးလေ"
"အဲ့ဒါ ကျနော်တို့ ချိန်းတွေ့နေတုန်း အကိုချန်းယောလ် ရောက်အလာနဲ့ အကိုဘတ်ဟျွန်းကောက်ရိုးပုံပေါ်က ပြုတ်ကျတာနဲ့ကွက်တိဖြစ်သွားတာ"
သူ့စကားကို ကြားလိုက်တာနဲ့ အရီးက ရင်ဘတ်ကိုဖိကာ
"ဟယ်တော် ဟယ်တော်အေ မပေါ့မပါးနဲ့ ဘာ ဘာဖြစ်သွားသေးလဲ"
"မဖြစ်ဘူး တော်သေးလို့ ပြုတ်ကျတာက ရေထဲဖြစ်နေလို့"
"တော်သေးတာပေါ့အေဟဲ့ ငါတော့မပြောချင်ဘူး ဟိုကလည်းငရှုပ် ဒီကလည်းယွစိန် မပြောတော့ဘူး ဆယ်ဟွန်း ငါမပြောတော့ဘူး"
"အရီးကလဲ"
"အရီးကလဲ မနေနဲ့ သွားသွားပြန်တော့ နေတောင်စောင်းနေပြီ နောက်ခါဘယ်တော့မှ ဘတ်ဟျွန်းကိုလာမခေါ်နဲ့နော်နင့်အကိုနဲ့သေခန်းမပြတ်ချင်ရင် ဟိုက သူ့လင်လေးကိုရွှေလိုဥနေတာ"
"ဟုတ်အရီး အဲ့ဒါဆို ကျနော်ပြန်ပြီ"
"အေးအေး ငါ့နဲ့ ဒုက္ခ ဒုက္ခ ဟွင်းးးးကလေးတွေနဲ့တော့"
YOU ARE READING
ပွေလီငရှုပ်လေးရဲ့ချစ်ရသူ
FanfictionPCY-တော်တော်လည်တဲ့ငရှုပ် BBH-သဲ လည်တာချစ်ဖို့မကောင်းဘူးလားလို့ ဟင် ဘဲကြီး