8 Zaw + Uni

1.9K 244 16
                                    

"သား ကလေးအဆင်ပြေရဲ့လား"

ရေဇလုံနဲ့ တဘတ်စအချို့ကိုယူပြီး အပေါ်ကို ပြန်တက်မယ်အလုပ် အိပ်ခန်းဝကနေမေးလာတဲ့အမေ့ကြောင့်

"သက်သာတယ်လို့ပြောရမလားဘဲ အဖျားတော့ဝင်နေတယ်အမေ အခုကမှိန်းနေတယ်"

ကိုယ်ပြောလိုက်မှဘဲ အမေက ရင်ဘတ်ကို လက်နဲ့ဖိကာ

"ဂရုစိုက်ပေးပါကွယ် သားရယ် ဘယ်ချိန်နေနေ လိုရင်နှိုးနော် အမေ ထခဲ့မယ်"

ပြာပြာသလဲပြောနေတဲ့အမေက အခုထိ စိတ်ချနေသေးတဲ့ပုံမပေါ် အေးလေ စစချင်းတုန်းကဆို သတိလစ်သလိုဖြစ်နေတဲ့ဘတ်ဟျွန်းကိုယ်ပေါ်က ရွှံ့တွေ ဆေးပေး ယောင်ကိုင်းနေတဲ့ နေရာတွေ ဆေးထည့်ပေးနဲ့ အမေ ဘယ်လောက်စိတ်ပူနေလဲဆိုတာ ကိုယ်တွေ့

"ဟုတ်အမေ အေးဆေး အနားယူပါ စိတ်မပူပါနဲ့ သားတယောက်လုံး အနားမှာရှိပါတယ်"

"အေးပါ သားရယ် ဒါဆိုအမေအိပ်လိုက်တော့မယ် "

"ဟုတ် ကောင်းသောညပါ"

*******************

"တကယ်ကွာ ယောင်နေတာပဲ"

တကိုယ်လုံးကို ရေပတ်တိုက်ပေးနေရင်းကနေ လက်မောင်းရင်းနားဆီအကြည့်ရောက်မိတော့ လက်ရာကြီးအတိုင်းဖောင်းကာနေတာမြင်မိတော့ ရင်ထဲဆစ်ကနဲပင် ခံစားလိုက်ရသည်

ရေပတ်တိုက်ပေးတယ်သာပြောတာ တကိုယ်လုံးနီးပါး ဘယ်လောက်ထုရိုက်ထားလို့လဲမသိ ယောင်ကိုင်း နေတဲ့နေရာတွေကို ထိမိရင်နာနေမှာဆိုးတာကြောင့် ရေစွတ်ရုံသာဖြစ်နေရသည်

"အ...အ့ နာ..နာတယ်"

"ဘတ်ဟျွန်း...နိုးပြီလား"

ရေပတ်ဝတ်လေး နဖူးပေါ်တင်ခါရှိသေး နိုးလာတဲ့ဘတ်ဟျွန်းကြောင့် မေးလိုက်တော့

"ဟင်.."

"နာ နေသေးလား"

မျက်ရည်လေး အဝိုင်းသားနဲ့ခေါင်းတဆတ်ဆတ် ငြိမ့်ပြလာသည်

"မနိုင်ဘဲနဲ့ ရန်ဖြစ်ချင်တာကို မင်းတော့မလွယ်ဘူး"

ရေဇလုံကို ဘေးဘက် စားပွဲပေါ် ပြောင်းတင်ရင်းပြောလိုက်ပြီး ကုတင်ဘေးပြန်ဝင်ထိုင်လိုက်တော့ နွေးနွေးအိအိ ကိုယ်လုံးလေးက ရင်ခွင်ထဲ တိုးဝင်လာလေသည်

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now