26(1)Zaw+Uni

1.7K 210 8
                                    

"စားပြန်ပြီ...စားပြန်ပြီ အကိုဘတ်ဟျွန်း ကိုအားနာဦးကွ"

ညကြီးအချိန်မတော် မီးဖိုခန်းထဲ ပေါင်မုန့်ကင်ထိုင်စားနေတဲ့ဆယ်ဟွန်းနား ဂျုံအင်တယောက် ထိုင်ပွားနေသည်

"အားနာပါဘူး အိမ်မှာဆို အမေကမုန့်ဆို သော့အထပ်ထပ်နဲ့ရွှေလားမှတ်ရတယ် သိမ်းထားတာ အခုမှစိတ်ကြိုက်စားရတာ"

ပြောနေရင်းပင် ပါးစပ်ထဲအပြည့်အဝသွပ်သွင်းလိုက်လေသည်

"လုပ်နေလိုက်အဲ့မှာ ပြန်ရင်မင်းအမေ အိမ်ပေါက်ချဲ့နေရလိမ့်မယ်"

"ဟာာာာ ဂျုံလေးရာာာာ ဘာလဲ ဘာလဲ ဘာမင်းလဲ မပြောချင်လို့ ကြည့်နေတာနော်"

"ဘာလဲ ဘာမပြောချင်တာလဲ"

"မင်း ကိုယ့်ကိုပလစ်တာ တော်တော်များနေပြီ အလာတုန်းကလဲ ကားရှေ့ခန်းကလိုက်ခဲ့ရတယ် အခုလဲမင်းတဲ့"

"ဆိုးလိုက်တဲ့ရုပ် မျိုစရာရှိတာ ဆက်မျို နားညည်းတယ်"

နှုတ်ခမ်းကြီးဆူထော်ကာ တဖက်သို့မျက်နှာလွှဲသွားလေသော ဆယ်ဟွန်း

"မအိပ်ကြသေးဘူးလား မင်းတို့"

"အာ အကိုဘတ်ဟျွန်း"

"တူမလေးက အိပ်ပြီလား"

မီးဖိုခန်းထဲ ဝင်လာတဲ့အကိုဘတ်ဟျွန်းက သူတို့အမေးကိုခေါင်းညိတ်ဖြေကာ ရေခဲသေတ္တာဆီသွား ရေဗူးတဘူးထုတ်ယူပြီးသူတို့နား ပြန်လျှောက်လာသည်

"အွမ်း ရေဆာလို့ သမီးကအိပ်တာကြာပြီ သူ့ဖေကြီးနဲ့ဖုန်းပြောနေလို့"

"ဟက်...ဟက် အကိုချန်းယောလ်ကြီး လွမ်းနေပြီထင်ပါ့"

"ဟားးးဟားးးးဒါတောင် တရက်မရှိတရှိလေး ဟေ့ဟေးးး"

သောက်ခွက်ပြောင်နေတဲ့ Rs ၂ကောင်ရဲ့ခေါင်းကို ခပ်ဆတ်ဆတ်လေးသာ ခေါက်ပေးလိုက်သည်

"ဟမ်.....ငါပေါပေမဲ့ မင်းတို့ထက်အကြီးနော်"

"ဘာကြီးတာလဲ ဗိုက်လား"

ပြောနေတာကို မချိုမချဉ်ပြန်ပြောလာတဲ့ ဆယ်ဟွန်းကြောင့် ထပ်ခေါက်ဖို့အပြင်

"အော် အိမ်ကြီးရှင်က ပြန်ကြွလာပြန်ပြီကို ဂေ့"

မူးရူးပြဲကွဲနေတဲ့ ပုံစံနဲ့ မျက်စိရှေ့ရောက်လာတဲ့ ကိုယ့်ဘက်က ညီမလေးလို့သဘောထားရတဲ့တယောက်

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now