22(1)Zaw+Uni

1.9K 212 14
                                    

"ရွှတ်....ရှူးးးးး ရွှတ်"

တရေးနိုး နောက်ကျောဘက်ဆီက တရွှတ် တရွှတ်နဲ့ အသံကြောင့် ထကြည့်လိုက်မိတော့ နှာရည် အရွှဲသားနဲ့ ဘတ်ဟျွန်း ကြည့်ရတာနှာစေးလို့ အသက်ရှူပါ မဝနေတဲ့ပုံ

"ဘတ်ဟျွန်း ဘတ်ဟျွန်း ထ....ထ "

"ဟင်...အင်း"

ပုခုံးကို ပုတ်ကာ နှိုးလိုက်တော့ ယိုင်တိုင်တိုင်လေးနဲ့ ထထိုင်လို့လာသည်

"ညှစ် "

နှာခေါင်းကို လက်ညိုးနဲ့လက်မသုံးကာ နှပ်ညှစ်ခိုင်းတော့ အလိုက်တသိ လိုက်လုပ်ရှာသည်

"နှာစေးနေတာကိုကွာ မောင့်ကိုမနှိုးဘူး မှန်းစမ်း ဖျားနေပြီလား"

နီသွမ်းသွေးနေတဲ့ ပါးပြင်၂ဖက်ကြောင့် နဖူးလေးအသာအယာစမ်းကြည့်မိတော့ ပူနွေးနွေး အနေအထားမှာ ရှိနေပေသည်

"ပြန်လှဲ အခု ရေးပတ်တင်ပေးမယ်"

အိပ်ယာပေါ် ပြန်လှဲချပေးကာ ထွက်သွားမည်အပြု

"မောင် စိတ်ဆိုးနေတာလား"

"မဆိုးပါဘူး"

အမြန် အောက်ထပ်သို့ ပြေးဆင်းကာ ရေပတ်ဝတ်နဲ့ ရေဇလုံ ယူရသည် အမေမနိုးအောင်လည်း အသံမထွက်စေရန် သတိထားရသေးသည်

"ဟင့်.....ရွှတ် အင့်"

အပေါ် ပြန်ရောက်တော့ ငိုနေပြန်တဲ့သူကြောင့်

"ဟောဗျာ ဘာဖြစ်လို့လဲ"

"ခေါင်းကိုက်တယ် ဟင့် ...."

ကလေးတွေလို အနားရောက်လာတဲ့ ချန်းယောလ်ကိုယ်ပေါ် ခွတက်လာတာမို့ ချန်းယောလ်မှာ အမြန်ထိန်းလိုက်ရသည်

ခါးမှာခြေထောက်၂ချောင်းက ခွလျက်အနေအထားနဲ့ လည်ပင်းကိုလည်း မြဲမြဲ သိုင်းဖက်ထားသေးသည်

"မငိုနဲ့လေ....ခေါင်းပိုကိုက်နေမှာပေါ့"

အလယ်က ဖုဖုလေး ဖြစ်နေတဲ့ဗိုက်ကြောင့်လဲ ချန်းယောလ်မှာ သတိထားနေရသေးသည်

"ဟင့်....မောင်က မခေါ်ဘူး"

"ဟမ် ဘာကို မခေါ်တာလဲ"

"ဟင့်အင့် စကားလဲမပြောဘူး အီဟီးးးးး"

"ဟာဗျာ မငိုပါနဲ့ဆို တိတ်တော့နော် တိတ်တိတ်"

ပွေလီငရှုပ်လေးရဲ့ချစ်ရသူWhere stories live. Discover now