အပိုင်း [ ၂၇ ]

6.5K 880 61
                                    

Unicode

" ဘာ... ငယ်တကယ်ပြောနေတာလား "

မင်ဝူးကကြားလိုက်ရတဲ့စကားကိုမယုံနိုင်စွာထပ်မံမေးသည်။ ထယ်ယောင်းရဲ့အသွင်ပြင်က စနောက်နေဟန်လုံးဝမရှိ။ အရင်အခြေအနေတိုင်းဆိုရင်ပျော်မိမှာပေမယ့် ဒီအခြေနေမှာ ဒီစကားက တကယ်ဆိုရင်တောင် မင်ဝူးအနေနဲ့ရှေ့တိုးဖို့မဝံ့ရဲ။

" ကျွန်တော် တကယ်ပြောနေတာပါ "

" ငယ့်ကိုငယ် မညာနဲ့ "

တနေရာကိုတွေတွေလေးငေးကြည့်နေတဲ့ထယ်ယောင်းကိုမင်ဝူးက ရင်မောစွာကြည့်သည်။ ဒီစကားကိုဘယ်လောက်တောင်မှခက်ခက်ခဲခဲဆုံးဖြတ်ပြီးမှပြောရတာလဲ သူသိသည်။ သူ့ကိုလက်ထပ်မယ်ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ။ လက်ထပ်ခွင့်အခါခါတောင်းခဲ့တာကိုငယ့်ဘက်ကပယ်ချခဲ့တာလည်းအခါခါ။

" ကျွန်တော့်ကိုလက်ထပ်နိုင်တယ်မလား "

ငဲ့ကြည့်လာတဲ့မျက်ဝန်းလှလှလေးတွေမှာမျက်ရည်စအချို့ကခိုကပ်နေသည်။ နာကျင်မှုတွေကို ထပ်မံခံစားဖို့ ဒီကောင်လေးမှာ ခွန်အားဆိုတာကောရှိသေးရဲ့လား။

" ငယ် "

အနောက်ကနေအသာယာလေးထွေးပွေ့ထားတော့ ရင်ခွင်ထဲကလူသားလေးကငြိမ်နေတယ်။ ခေါင်းလေးကိုအသာဖိနမ်းတော့ ရှိုက်သံလေးတချက်ထွက်ဖော်လာခဲ့သည်။

" ကိုယ့်အနေနဲ့ဘာလို့လက်မခံနိုင်ရမှာလဲကလေးရယ်။ ဒီလိုလက်ထပ်ခွင့်လေးရဖို့ငယ့်ကိုကိုယ်ဘယ်နှကြိမ်တောင်မှတောင်းဆိုခဲ့ဖူးလဲ။ ဒါပေမယ့်အခုအချိန်မှာတော့ကိုယ်လက်မခံချင်ဘူးငယ်။ ငယ့်ကိုပျော်စေချင်တယ်။ ဒါပေမယ့် ပျော်ရွှင်မှုအစစ်မှန်တွေကို CEO ဂျွန်ကဘဲပေးနိုင်မှာလေ "

ထိုအခါရင်ခွင်ထဲကလူသားလေးကခေါင်းကိုတွင်တွင်ခါယမ်းသည်။ ရှိုက်ငိုသံတွေစိပ်လာတဲ့အခါ သူ့ရင်ထဲမှာလည်းနာကျင်ရပါသည်။

" ကျွန်တော့်ဆုံး ဖြတ်ချက်ကိုမပြင်နိုင်ဘူး။ ဒီလိုမှမဟုတ်ရင်သူကျွန်တော့်အနားကနေထွက်သွားမှာမဟုတ်ဖူး။ ကျွန်တော်နဲ့သာလက်ထပ်ရင် အဖက်ဖက်ကသူ့အတွက်နစ်နာစရာတွေချည်းဘဲ။ ကျေးဇူးပြုလို့ ကျွန်တော့်ကိုကူညီပေးပါ "

The Blue Scenario [ Completed ]Where stories live. Discover now