အပိုင်း [ ၂၀ ]

7.4K 938 116
                                    

#Unicode

" အဖေကြီး စကားလေးပြောချင်လို့ "

စာအုပ်ဖတ်နေရင်း မိန်းမဖြစ်သူရဲ့စကားကြောင့် ဖတ်လက်စ စာအုပ်ကိုပိတ်ကာ မျက်မှန်ကိုပင့်လျက်အထူးအဆန်းလိုကြည့်မိသည်။ စကားပြောလျင်တခါမှ ပလ္လင်မခံဖူးသော ချစ်ဇနီးက ဒီနေ့မှအထူးဆန်းတွေပြောလို့။

" ဟော ပြောလေ အမေကြီးရဲ့ ။ မင်းနှယ်ထူးထူးဆန်းဆန်းတွေလုပ်လို့ "

" ပြောရမယ်ရှင်ပြောရမယ် အဖေကြီး ရှင်လည်းအေးစက်စက်လုပ်မနေနဲ့ "

" ဟောဗျာ ဒီအမေကြီးကတော့စလာပြီ ကျုပ်ကဘာတွေလုပ်နေလို့တုန်း "

" သားလေးကိစ္စ။ သားလေးကအခုထိမီယောင်းလေးအပေါ်အေးစက်စက်ရယ်။ ဒီလိုနဲ့မတော်တရော်တွေနဲ့တွေ့သွားမှာ အရမ်းစိုးရိမ်တာဘဲ။ ချစ်ရမယ့်သူရှိလားမေးတော့လည်းမရှိဘူးတဲ့။ ကျုပ်ဖြင့်တနေ့တနေ့ရင်မောတယ်အဖေကြီးရယ် "

" အင်းအများကြီးမစိုးရိမ်ပါနဲ့ကွာ။ မင့်သားက ကလေးလည်းမဟုတ်တော့ဘူးလေ "

" ကလေးမဟုတ်လို့စိုးရိမ်နေရတာပေါ့။ ကျုပ်ကတော့ သားလေးကိုသမီးလေးနဲ့အမြန်နေရာချထားပေးချင်ပြီ ။ Mrs ချွဲတို့ဘက်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမငြင်းဘူးတဲ့လေ။ သူတို့ဘက်ကလည်းသမီးရှင်ဆိုတော့ ဒီ့ထပ်လည်းပိုပြောကြမှာမဟုတ်ဖူး "

" အင်း အဒါလည်းဟုတ်ပါတယ် "

" စေ့စပ်ပွဲတွေဘာတွေလည်းလုပ်မနေချင်ဘူး မင်္ဂလာပွဲ ဘဲတခါတည်းလုပ်ပေးချင်တယ် ကလေးတွေကို။ လူဆိုတဲ့အမျိုးက နေ့မြင်ညပျောက်ရယ် ကျုပ်မသေခင်လေးမြေးချီချင်သေးတယ်"

မိန်းမဖြစ်သူရဲ့ခံစားချက်ကိုနားလည်သည်။ သူ့ခမျာ နှလုံးရောဂါ ကိုနှစ်ရှည်လများခံစားနေရသူတယောက်။ တခါတခါရောဂါ ဖောက်ရင်လည်း ဆေးရုံကိုရက်ရှည်တက်ရတဲ့သူ။ ဆေးမသောက်ရတဲ့ရက်မရှိလောက်အောင်ဆေးနဲ့အသက်ဆက်နေရသူကိုး။

" အေးပါ အမေကြီးရယ် ဖြစ်လာမှာပေါ့။ သားပြန်လာမှဆက်ပြောကြတာပေါ့ "

" ဟုတ်ပါပြီရှင် "

အတွေးနဲ့တင် ပျော်ရွှင်ဖို့ကောင်းနေပါပြီ ။ သားလေးကိုမီယောင်းလေးနဲ့နေရာချထားပေးပြီးရင် ဘာမှထပ်လိုတော့မည်မထင်။ ဘယ်မိဘမဆို ကိုယ့်သားသမီးလေး ကောင်းကောင်းမွန်မွန် ဖြစ်သွားတာဘဲမြင်ချင်တဲ့သူတွေချည်းဘဲလေ။ မေမေ့စကားကိုလက်ခံမယ်လို့မျှော်လင့်ပါတယ် သားရေ ။

The Blue Scenario [ Completed ]Where stories live. Discover now