အပိုင်း [ ၅ ]

10.8K 1.3K 277
                                    

#Unicode
" ဂျုံးဂုရေ "

"ဗျာ "

ထမင်းစားနေရင်း ဂျုံးဂုကမေးဆက်ပြကာ ပြန်ထူး၏ ။
ဝါးလက်စထမင်းကိုဆက်ဝါးကာ ထယ်ယောင်းပြောသည့်စကားကိုနားစိုက်ထောင်နေသည် ။

"အခု ကျောင်းမှာ အားကစားပြိုင်ပွဲတွေလုပ်မယ်တဲ့ .... အကို ပါချင်လို့ "

" အော် ဘာများလဲလို့ ပါပေါ့ "

"တခါမှဝင်မပြိုင်ဖူးလို့ "

"အင်း မလုပ်ဖူးလို့ဆိုပြီး မလုပ်ကြည့်ဘဲနေရင် တသက်လုံးလုပ်ဖြစ်မှာမဟုတ်တော့ဘူး ။ ဘာဘဲဖြစ်ဖြစ်အနိုင်အရှုံးကိုနောက်ထားအုန်း ပြိုင်လိုက်ပြီဆိုတည်းကအတွေ့အကြုံကရပြီလေ "

ဂျုံးဂုစကားကြောင့်ထယ်ယောင်းမှာအားတက်သလိုရှိလာခဲ့သည် ။ မျက်ဝန်းလေးတွေက တလက်လက်တောက်ပလာခဲ့တယ် ။

"မင်းကလေ ငယ်သာငယ်တာ အတွေးခေါ်က အကို့ထက်ပိုရင့်ကျက်တယ် ။ ဟီး အကို့မှာလည်းမင်းရှိနေလို့တော်သေးတယ် ။ တခုခုဆိုအားကိုးဖော်လေးရတယ် "

"ဟုတ်ပါပြီ တသက်လုံးအားကိုးလို့ရတယ်စိတ်ချ"

"လုပ်ပြီမင်းကတော့ "

ရွှတ်နောက်နောက်ပြောတဲ့ဂျုံးဂုကိုထယ်ယောင်းကမျက်စောင်းလေးခဲကာ ကြည့်၏ ။ ထိုအမူအရာလေးတွေကိုဘဲဂျုံးဂုမှာသဘောကျမဝ မြတ်နိုးမဝ ။ သူစလိုက်တိုင်းပန်းရောင်သန်းသန်းသွားတဲ့ချယ်ရီရောင်ပါးလေးတွေကိုသူသိပ်မြတ်နိုးတယ် ။

"ဒါနဲ့အကိုက ဘာပြိုင်မှာ "

"အပြေးထဲပါမလို့ "

"အင်း အဲ့နေ့ကျွန်တော်လာအားပေးမယ် "

"ဟီး ... အင်းပါ ။ မင်းကော ဒီနှစ်မပြိုင်ဘူးလား "

"မပြိုင်တော့ဘူး နှစ်နှစ်ဆက်တိုက်ကျွန်တော့်ကိုဘယ်သူနိုင်လို့လဲ အားလုံးကိုသနားလို့ ဒီနှစ်အကျောပေးလိုက်မယ် "

ဂျုံးဂုစကားကြောင့် ထယ်ယောင်းက ကြီးကျယ်ရန်ကောဆိုပြီး အမြင်ကပ်သလိုလေးထပ်ကြည့်၏။ ဂျုံးဂုက သူ့အကိုပုံကိုကြည့်ပြီး ထမင်းလုတ် ကြီးဝါးကာတခွီခွီ။

The Blue Scenario [ Completed ]Where stories live. Discover now